Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံ၌ စစ်ကောင်စီ၏ရွေးကောက်ပွဲ သန်းခေါင်စာရင်းကောက်ရာဦးဆောင်သည့် ဗိုလ်မှူးဟောင်းတစ်ဦး ပစ်သတ်ခံရ

ဗိုလ်မှူးဟောင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ပစ်ခတ်ရှင်းလင်းခံရမှုကြောင့် ရန်ကုန်မြို့ရှိ မီးပွိုင်များ အပါအဝင် လမ်းမအများစု၌ ယာဥ်စစ်ဆေးမှုများစွာကြုံတွေ့နေရသည်ဟုလည်း အငှားယာဥ်မောင်းများက အသိပေးသည်။

(ယနေ့ နံနက်ပိုင်းက ရှင်းလင်းခံရသည့် ဗိုလ်မှူးဟောင်းရွှေဝင်း ကို လာရောက်သယ်ယူနေစဥ်၊ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်ပိုင်းက ရှင်းလင်းခံရသည့် ဗိုလ်မှူးဟောင်းရွှေဝင်း ကို လာရောက်သယ်ယူနေစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ ‌ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက်သန်းခေါင်စာရင်းကောက်ယူရာတွင် ဦးဆောင်သည့် ဗိုလ်မှူးဟောင်းတစ်ဦး ပစ်သတ်ခံရ ကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ပစ်ခတ်ရှင်းလင်းခံရသည့် ဦးရွှေဝင်းသည် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာန၊စာရင်းစစ်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုသည်။

၎င်းမှာ ယနေ့(ဇန်နဝါရီ ၂၀ ရက်) နံနက် ၇နာရီခန့်က မြောက်ဒဂုံ(၄၀)ဈေးသို့ လာရောက်စဥ် အမည်မသိအဖွဲ့က ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

“ဖြစ်ဖြစ်တုန်းကဆို (၄၀)စျေး ထိပ်လမ်းကိုလည်း ပိတ်တယ်။ပြီးတော့ ဗိုလ်မင်းရောင်နဲ့ ရာဇာဓရာဇ်လမ်းဆုံကိုပါ စစ်ကားနှစ်စီးနဲ့ ပိတ်စစ်တာ။အခုလည်း စစ်တပ်ဒလန် မိုးဝင်းဦးဆောင်ပြီး လာပစ်တဲ့သူတွေရဲ့ပုံစံပါ လိုက်မေးနေတယ်”ဟု (၄၀)ရပ်ကွက်နေပြည်သူတစ်ဦးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဦးရွှေဝင်းသည် (၄၀)ဈေးအနီးနေထိုင်ပြီး ၎င်း၏သားဖြစ်သူမှာလည်း လက်ရှိ စစ်ကောင်စီလက်အောက်တွင် ဗိုလ်ကြီးရာထူးနှင့် အလုပ်လုပ်ကိုင်နေကြောင်း ရပ်ကွက်နေသူများထံမှသိရှိရသည်။

ဗိုလ်မှူးဟောင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ပစ်ခတ်ရှင်းလင်းခံရမှုကြောင့် ရန်ကုန်မြို့ရှိ မီးပွိုင်များ အပါအဝင် လမ်းမအများစု၌ ယာဥ်စစ်ဆေးမှုများစွာကြုံတွေ့နေရသည်ဟုလည်း အငှားယာဥ်မောင်းများက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။