Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီရွေးကောက်ပွဲအတွက် ရန်ကုန်မြို့နယ်အချို့တွင် စစ်ကောင်စီ လူဦး​ရေစာရင်း စတင်ကောက်ခံ

မြို့နယ်အချို့တွင်လည်း ယခုလ ၉ ရက်မှစ၍ သန်းခေါင် စာရင်းကောက်ခံမည့်အကြောင်း လိုက်လံကြေညာနေကြောင်း သိရသည်။ သန်းခေါင်စာရင်းကောက်ယူနေသည့် မြို့နယ်များတွင် စစ်ကောင်စီက ယာဥ်တန်းများနှင့်ကင်းပုန်းဝပ် စစ်ဆေးမှုများလည်းရှိနေသည်။

ဒေသအချို့တွင် စစ်​ကောင်စီက ​ရွေးကာက်ပွဲအတွက်ဆိုကာ လူဦး​ရေစာရင်း​ကောက်ခံ​သော ​ပုံစံစာရွက် ။ ဓါတ်ပုံ-CJ
ဒေသအချို့တွင် စစ်​ကောင်စီက ​ရွေးကာက်ပွဲအတွက်ဆိုကာ လူဦး​ရေစာရင်း​ကောက်ခံ​သော ​ပုံစံစာရွက် ။ ဓါတ်ပုံ-CJ

အာဏာသိမ်းစစ်​ကောင်စီသည် တရားမဝင်ရွေးကောက်ပွဲအတွက် ရန်ကုန်တစ်မြို့လုံး အတိုင်းအတာဖြင့် လူဦး​ရေစာရင်းကောက်ယူရန် ကြိုးစားနေကြောင်း ဒေသခံများက လူထုနွေဦးသို့ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၇ ရက်)မှစ၍ အင်းစိန်၊ စမ်းချောင်း၊ကျောက်တံတားနှင့် တာမွေမြို့နယ်များတွင် လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူမှုများ ပြုလုပ်ခဲ့သည်ဟု အဆိုပါမြို့နယ်များ တွင် နေထိုင်သူများက ပြောသည်။

“ရွာမအနောက်ရပ်ကွက်(အင်းစိန်မြို့နယ်)ထဲကို မနေ့က နေ့လည် ၁ နာရီကျော်လောက်ထဲက အဖွဲ့ပေါင်းစုံနဲ့ကိုဝင်တယ်။ပထမတော့ လာရှာတယ်ထင်တာ။ မဟုတ်ဘူး သန်းခေါင်စာရင်း လာကောက်တာတဲ့”ဟု ရွာမ ရပ်ကွက်နေသူက ပြောသည်။

​တော်လှန်​ရေးအင်အားစုများ၏ပြည်သူများသို့ပန်ကြားချက်
​တော်လှန်​ရေးအင်အားစုများ၏ပြည်သူများသို့ပန်ကြားချက်

အလားတူ ယမန်နေ့ညက ရန်ကုန်မြို့လယ်ရှိဆိပ်ကမ်းသာလမ်း အလယ်ဘလောက်ကို ပိတ်၍ စစ်ကောင်စီကလူဦး​ရေစာရင်း ကောက်ယူခဲ့ကြောင်းလည်း မျက်မြင်တွေ့ရှိသည့် ဒေသခံက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့(ဇန်နဝါရီ ၈ ရက်) နံနက်ပိုင်းတွင် တာမွေမြို့နယ်၊ အောင်မင်္ဂလာလမ်းတွင်လည်း တစ်အိမ်တက် တစ်အိမ်ဆင်း လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူနေကြောင်း ပြည်သူအချို့က ​ပြောသည်။

“မနက် ၉ နာရီကျော်ထဲက ​​ေးတွေ အစုံပဲ ဝင်လာပြီး အိမ်မှာဘယ်နှယောက်နေလဲ မေးတယ်။ သန်းခေါင်စာရင်းအစစ်တွေပါပြခိုင်းတယ်”ဟု ၎င်းကရှင်းပြသည်။

မြို့နယ်အချို့တွင်လည်း ယခုလ ၉ ရက်မှစ၍ သန်းခေါင် စာရင်းကောက်ခံမည့်အကြောင်း လိုက်လံကြေညာနေကြောင်း သိရသည်။ သန်းခေါင်စာရင်းကောက်ယူနေသည့် မြို့နယ်များတွင် စစ်ကောင်စီက ယာဥ်တန်းများနှင့်ကင်းပုန်းဝပ် စစ်ဆေးမှုများလည်းရှိနေသည်။

စစ်ကောင်စီသည် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ တအိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းစဥ်ပြုလုပ်မည်ဖြစ်ပြီး ယင်းလုပ်ငန်းစဥ်ကို ပြည်သူလူထုအနေဖြင့် ငြင်းဆန်၊ မပူးပေါင်းကြရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ပန်ကြားထားသည်။စစ်​ကောင်စီက​ရွေး​ကောက်ပွဲအ​ကြောင်းပြ လူဦး​ရေစာရင်း​ကောက်ခံမှုကို ဇန်နဝါရီ ၉ ရက်စတင်မည်ဟုအသိ​ပေးထား​သော်လည်းနှစ်ရက်​စော၍ ၇ ရက်တွင်စတင်​ကောက်ခံလာခြင်းဖြစ်သည်။

အတင်းအဓမ္မခြိမ်းခြောက်မှုများရှိလာပါက ရနိုင်သည့်နည်းပေါင်းစုံဖြင့် မှတ်တမ်းတင်ထားရန်၊ မိမိတို့၏ ပတ်ဝန်းကျင်တွင် လူဦးရေစာရင်းကောက်ယူမှု အခြေအနေများကို Telegram Scout Channel များသို့ဖြစ်စေ၊ သတင်းမီဒီယာများနှင့်သပိတ်အင်အားစုများ၏လူမှုကွန်ရက်(Facebook) စာမျက်နှာများသို့ ဖြစ်စေ သတင်းပေးပို့ကြရန် တော်လှန်ရေးအင်အားစု များက တိုက်တွန်းသည်။

ထို့အပြင် တအိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်း ကောက်ယူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီဘက်တော်သား ဒလန်သတင်းပေးများကို သေချာမှတ်သားထား၍ NUG တရားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ အမြန်ဆုံးသတင်းပေးပို့ တိုင်ကြားရန် တော်လှန်ရေးအင်အားစုများက ပြည်သူလူထုကို ပန်ကြားထားသည်။

ရက်စက်ကြမ်းကြုတ်သည့်အပြင် ကောက်ကျစ်စဥ်းလဲသည့် ဉာဥ်ပါရှိသည့် အကြမ်းဖက်စစ်အုပ်စုမှ ၎င်းတို့ ကျင်းပရန်ကြိုးစားနေသည့် “တရားမဝင်အယောင်ပြရွေးကောက်ပွဲ” ကို ပြည်သူလူထုကြီးအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ နည်းလမ်းပေါင်းစုံသုံး၍ ဆန့်ကျင်တိုက်ဖျက်ရန်လိုကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB)က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ရန်ကုန်မြို့မှာဇွန်လ၁၁ရက်နေ့လယ် ၁၂နာရီ ၁၈မိနစ်ခန့်က ငလျင်လှုပ်သွားပြီးအထပ်မြင့်အဆောက်အအုံတွေမှာပါသိသိသာသာ ခံစားလိုက်ရတယ်လို့မြို့ခံတွေကပြောပါတယ်။