Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်

သတင်းရသဖြင့် တော်လှန်ရေး ရဲဘော်များက သုံးလုံးတွဲ ပဒေသာမိုင်းဖြင့် စောင့်ဆိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရှေ့ပြေး ငါးဦးနေရာတင် ပွဲချင်းပြီးသေဆုံး၍ သုံးဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း KSOအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် Khin U Special Force Organization-KSOအဖွဲ့ဝင်များ၊ဓာတ်ပုံ-KSO
စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် Khin U Special Force Organization-KSOအဖွဲ့ဝင်များ၊ဓာတ်ပုံ-KSO

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် စောင့်ဆိုင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် များ ထိခိုက်သေဆုံးမှုရှိကြောင်း Khin U Special Force Organization-KSOအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဇန်နဝါရီ၂၃ ရက်)နံနက် ၇ နာရီခွဲခန့်က ခင်ဦးမြို့နယ်အနောက်ခြမ်း၊ ရေဦးမြို့နှင့်(၂)မိုင်ခန့်သာ ကွာဝေးသော အင်းပတ်ကွေ့ဈေးတန်း၌ အထိုင်ချထားသော စစ်ကောင်စီတ​ပ်သား ၁၅ ဦးခန့်သည် အင်းပတ်ကွေ့တောင်ဘက် ကြက်ခြံသို့ ခြေလျင်တက်လာခဲ့သည်။

သတင်းရသဖြင့် တော်လှန်ရေး ရဲဘော်များက သုံးလုံးတွဲ ပဒေသာမိုင်းဖြင့် စောင့်ဆိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရှေ့ပြေး ငါးဦးနေရာတင် ပွဲချင်းပြီးသေဆုံး၍ သုံးဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း KSOအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ပေလမ်းပေါ်မှာလည်း သွေးကွက်တွေ တွေ့ခဲ့ရတယ်။ ရေဦးဘက်မှာလည်း အင်အား နှစ်ရာခန့်နဲ့ စစ်ကြောင်းထိုးနေတယ်။ ခင်ဦးဘက်ကို အာရုံလွှဲတဲ့ပုံစံမျိူးအနေအထားနဲ့ ထွက်လာတဲ့ပုံစံမျိုးလို့ ထင်ရတာပေါ့။”ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထိခိုက်သေဆုံးသူများအား ကားဖြင့်တင်ဆောင်ကာ ရေဦးမြို့ဘက်သို့ သယ်ဆောင်သွားသည် ဟု သိရသည်။

ခင်ဦးနယ်နှင့်ကပ်နေသော ရေဦးမြို့နယ်တွင်လည်း နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် စစ်ကြောင်းထိုးနေပြီး ကျေးရွာ သုံးရွာ မီးရှို့ဖျက်ဆီးခံထားရသည်။ ပြည်သူနှစ်ဦးသတ်ဖြတ်ခံထားရကာ ကျေးရွာ၁၅ ရွာမှ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးနေရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။