Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်မြို့ပေါ်ရှိ စစ်အုပ်စုအား ဒေသတွင်းတော်လှန်ရေးအင်အားစုများ ခြောက်ရက်ကြာ တိုက်ခိုက်

စစ်ကောင်စီဘက်က ၁၂ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးရဲဘော်များလည်းထိခိုတ်ဒဏ်ရာရရှိခဲ့ကြောင်း PAFD၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဝက်လက်မြို့အဝင်တွင် တွေ့ရသည့် တော်လှန်ရေးရဲဘော်တစ်ဦး၊ ဓာတ်ပုံ - PAFD
ဝက်လက်မြို့အဝင်တွင် တွေ့ရသည့် တော်လှန်ရေးရဲဘော်တစ်ဦး၊ ဓာတ်ပုံ - PAFD

စစ်အုပ်စုအထိအခိုက်များပြီး မြို့ပေါ်နေရာအချို့သိမ်းထားနိုင်ဟုဆို

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား ခြောက်ရက်ကြာတိုက်ခိုက်လျက်ရှိရာ စစ်အုပ်စုအထိအခိုက်များပြီး နေရာအချို့အား သိမ်းဆည်းထားနိုင်ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ People’s Army to Fight Dictatorship(PAFD)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇန်နဝါရီ ၂၀ ရက်မှစ၍ ယနေ့အထိ PAFDတပ်ခွဲမှူး ဗိုလ်လှိုင်ဘွားဦးဆောင်သော မဟာမိတ်တပ်ပေါင်းစုများသည် ဝက်လက်မြို့ဌာနဆိုင်ရာများနှင့် စစ်ကောင်စီတပ်နှင့်ပျူများအား တိုတ်ထုတ်လျက်ရှိကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့PAFD က အသိပေးသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်က ၁၂ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးရဲဘော်များလည်းထိခိုတ်ဒဏ်ရာရရှိခဲ့ကြောင်း PAFD၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အတိုင်းအတာတစ်ခုထိတော့သိမ်းထားနိုင်တယ်။ အခုအချိန် ဆက်လက်တိုက်ဆဲပါ။ ဌာနဆိုင်ရာတော်တော်များများလည်းသိမ်းထားတယ်။ ပစ္စည်းပစ္စယရထားတာတွေလည်းရှိပါတယ်။ တိုက်ပွဲကမပြီးသေးဘူး အသေးစိတ်ထုတ်ပြန်ဖို့မရှိသေးဘူး။ အဲဒီပတ်ဝန်းကျင်မှာ နေရာယူဆဲရှိပါသေးတယ်။”ဟု PAFD၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုတိုတ်ခိုက်မှုကို PAFDနှင့် PAFDတပ်ခွဲမှူးဗိုလ်လှိုင်ဘွား၊ တပ်စိပ်(၁)ပျံလွှားအဖွဲ့၊တပ်စိပ်(၂) ခွပ်ဒေါင်းအဖွဲ့တပ်စိပ်(၃)ဇာမဏီအဖွဲ့တပ်စိပ်(၄) ငရဲမီးအဖွဲ့နှင့်PAFDတပ်ခွဲ DKPDF-MMU စသည့်မဟာမိတ်ပူးပေါင်းအဖွဲ့များဆောင်ရွက်နေခြင်းဖြစ်ကြောင်း အသိပေးထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၃ရက်တွင် မကျီးတုံကျေးရွာရှိ နေအိမ် ၂၀၀ ဝန်းကျင်နှင့်၂၄ ရက်တွင်လည်း ပင်းဇင်းကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။