Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့ပေါ်ရှိ စစ်အုပ်စုအား ဒေသတွင်းတော်လှန်ရေးအင်အားစုများ ခြောက်ရက်ကြာ တိုက်ခိုက်

စစ်ကောင်စီဘက်က ၁၂ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးရဲဘော်များလည်းထိခိုတ်ဒဏ်ရာရရှိခဲ့ကြောင်း PAFD၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဝက်လက်မြို့အဝင်တွင် တွေ့ရသည့် တော်လှန်ရေးရဲဘော်တစ်ဦး၊ ဓာတ်ပုံ - PAFD
ဝက်လက်မြို့အဝင်တွင် တွေ့ရသည့် တော်လှန်ရေးရဲဘော်တစ်ဦး၊ ဓာတ်ပုံ - PAFD

စစ်အုပ်စုအထိအခိုက်များပြီး မြို့ပေါ်နေရာအချို့သိမ်းထားနိုင်ဟုဆို

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား ခြောက်ရက်ကြာတိုက်ခိုက်လျက်ရှိရာ စစ်အုပ်စုအထိအခိုက်များပြီး နေရာအချို့အား သိမ်းဆည်းထားနိုင်ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ People’s Army to Fight Dictatorship(PAFD)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇန်နဝါရီ ၂၀ ရက်မှစ၍ ယနေ့အထိ PAFDတပ်ခွဲမှူး ဗိုလ်လှိုင်ဘွားဦးဆောင်သော မဟာမိတ်တပ်ပေါင်းစုများသည် ဝက်လက်မြို့ဌာနဆိုင်ရာများနှင့် စစ်ကောင်စီတပ်နှင့်ပျူများအား တိုတ်ထုတ်လျက်ရှိကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့PAFD က အသိပေးသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်က ၁၂ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးရဲဘော်များလည်းထိခိုတ်ဒဏ်ရာရရှိခဲ့ကြောင်း PAFD၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အတိုင်းအတာတစ်ခုထိတော့သိမ်းထားနိုင်တယ်။ အခုအချိန် ဆက်လက်တိုက်ဆဲပါ။ ဌာနဆိုင်ရာတော်တော်များများလည်းသိမ်းထားတယ်။ ပစ္စည်းပစ္စယရထားတာတွေလည်းရှိပါတယ်။ တိုက်ပွဲကမပြီးသေးဘူး အသေးစိတ်ထုတ်ပြန်ဖို့မရှိသေးဘူး။ အဲဒီပတ်ဝန်းကျင်မှာ နေရာယူဆဲရှိပါသေးတယ်။”ဟု PAFD၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုတိုတ်ခိုက်မှုကို PAFDနှင့် PAFDတပ်ခွဲမှူးဗိုလ်လှိုင်ဘွား၊ တပ်စိပ်(၁)ပျံလွှားအဖွဲ့၊တပ်စိပ်(၂) ခွပ်ဒေါင်းအဖွဲ့တပ်စိပ်(၃)ဇာမဏီအဖွဲ့တပ်စိပ်(၄) ငရဲမီးအဖွဲ့နှင့်PAFDတပ်ခွဲ DKPDF-MMU စသည့်မဟာမိတ်ပူးပေါင်းအဖွဲ့များဆောင်ရွက်နေခြင်းဖြစ်ကြောင်း အသိပေးထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၃ရက်တွင် မကျီးတုံကျေးရွာရှိ နေအိမ် ၂၀၀ ဝန်းကျင်နှင့်၂၄ ရက်တွင်လည်း ပင်းဇင်းကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဒေသတွင်းအပေါ် သက်ရောက်မှုကို စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ Quad က ပူးတွဲထုတ်ပြန်ပါတယ်။