Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နယ်တွင် ကျေးရွာများမီးရှို့နေသည့် စစ်ကြောင်းကို လက်နက်ကြီးဖြင့်ထု

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၄ရက် ညနေပိုင်းက ယင်းမာပင်မြို့နယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာပြီး စည်လှောင်ချောင်းကျေးရွာ၌ ညအိပ်တပ်စွဲခဲ့သည်။

(ဒေသကာကွယ်ရေးတပ်များ စစ်ကောင်စီတပ် အား ပစ်ခတ်တိုက်ခိုက်နေစဉ်)
(ဒေသကာကွယ်ရေးတပ်များ စစ်ကောင်စီတပ် အား ပစ်ခတ်တိုက်ခိုက်နေစဉ်)

▪️စစ်အုပ်စု မီးရှို့၍ မြရိပ်ရွာနေအိမ် ၇၀ကျော် ပြာကျ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ကျေးရွာမီးရှို့နေသည့် စစ်ကောင်စီတပ်အား လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါ စစ်အုပ်စုမီးရှို့ဖျက်ဆီးမှုကြောင့် မြရိပ်ကျေးရွာ နေအိမ် ၇၀ကျော် ပြာကျခဲ့ကြောင်း Black Vote Fighter အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၄ရက် ညနေပိုင်းက ယင်းမာပင်မြို့နယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာပြီး စည်လှောင်ချောင်းကျေးရွာ၌ ညအိပ်တပ်စွဲခဲ့သည်။

ထို့နောက် နောက်တစ်နေ့ ဇန်နဝါရီ ၂၅ ရက်တွင် စစ်ကြောင်းဆက်ထွက်လာရာ နံနက် ၁၁နာရီ ၄၅မိနစ်ခန့်တွင် မြရိပ်ရွာမရောက်မီ တဖက်ပွင့် (၁၀) လက်မ၊ (၈)လက်မမိုင်းများဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Black Vote Fighter အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ညနေ ၆နာရီခန့်တွင်လည်း စစ်ကောင်စီတပ်ကမြရိပ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး (၆ဝ)မမ၊ (၈၀) မမမ၊ (၁၂၀) မမများဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့်မြရိပ်ကျေးရွာ နေအိမ် ၇၆လုံး မီးလောင်ပြာကျခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုမသိရသေးကြောင်း Black Vote Fighter အဖွဲ့က ပြောသည်။

” နေအ်ိမ် ၇၆လုံးမီးရှို့ခံရတဲ့ မီးဘေးသင့်ပြည်သူတွေအခက်ခဲတွေရှိနေပါတယ်။ အလှုူရှင်များကူညီကြပါဦးလို့ မေတ္တာရပ်ခံပါတယ်”ဟု Black Vote Fighterအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲတွင် လက်နက်ကြီးအတွက် သုံးရသော ခဲယမ်းများ အကုန်အကျများနေသောကြောင့် ပါဝင်လှူဒါန်းပေးကြရန် မေတ္တာရပ်ခံသည်။

အဆိုပါ စစ်ဆင်ရေးကို Black Vote Fighterအဖွဲ့နှင့် Black ShaDow၊ FBGA၊ MBGF၊ မဲမှောင်ပြောက်ကျားတပ်ဖွဲ့၊ Salingyi G-Z၊တောသားကြီး၊BEDငညို၊ DRPAတပ်ခွဲ(၃)၊မီးတောက်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။