Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ညအချိန် အိမ်ရှေ့ရပ်ထားတဲ့ အိုးဝေ သုံးဘီး မီးရှို့ခံရ

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ ခိုးမှုအပြင် အုပ်စုဖွဲ့လုယက်တာတွေ ၊ ဓားပြတိုက်တာတွေ ဟာ မကြာခဏဆိုသလိုဖြစ်ပွားနေတာပါ။

မန္တလေးမှာ ညအချိန် အိမ်ရှေ့ရပ်ထားတဲ့ အိုးဝေ သုံးဘီး မီးရှို့ခံရ
မန္တလေးမှာ ညအချိန် အိမ်ရှေ့ရပ်ထားတဲ့ အိုးဝေ သုံးဘီး မီးရှို့ခံရ

မန္တလေးမြို့မှာ ညအချိန် အိမ်ရှေ့မှာရပ်ထားတဲ့အိုးဝေ(သုံးဘီး)ကို ခိုးမရတဲ့အတွက် မီးရှို့ဖျက်ဆီးသွားတယ်လို့ ပိုင်ရှင်နဲ့နီးစပ်သူထံကတဆင့် သိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ မဟာအောင်မြေမြို့နယ်၊ မြောက်ရွာသစ်ရပ်ကွက် ၊ဘုရားကြီးအနီး လမ်း ၈၀နဲ့ ၈၁လမ်း၊ ၄၂လမ်းအနီးက နေအိမ်ရှေ့မှာ မနေ့က ဇန်နဝါရီလ ၂၉ ရက် မနက်အစောပိုင်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“ဘယ်လောက်ထိရိုင်းလဲဆို ခိုးမရလို့မီးရှို့သွားတာဗျာ၊ သူတို့မှာ အရစ်ကျနဲ့ဝယ်ပြီး တက္ကစီဆွဲစားနေရတာ”လို့ အိမ်နီးနားချင်းတစ်ဦးကပြောပါတယ်။

Public Service Announcement
Public Service Announcement

အိန္ဒိယထုတ် သုံးဘီးအသစ်ဈေးဟာ ကျပ်သိန်း တစ်ရာဝန်းကျင်တန်ကြေးရှိတယ်လို့စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ ခိုးမှုအပြင် အုပ်စုဖွဲ့လုယက်တာတွေ ၊ ဓားပြတိုက်တာတွေ ဟာ မကြာခဏဆိုသလိုဖြစ်ပွားနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။