Connect with us

Hi, what are you looking for?

သတင်း

မတူပီမြို့နယ်တိုက်ပွဲစစ်ကောင်စီတပ်​သေဆုံးမှုများ၊ လက်နက် ၂လက်ရဟု CDF ဇိုတုန် ထုတ်ပြန်

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ပြီး မောင်းပြန် သေနတ် ၂လက် သိမ်းဆည်းရမိခဲ့သည်ဟု အသိပေးထားသည်။

(CDF-Zotung တပ်ဖွဲ့ဝင်များ စစ်​ရေး​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-CDF)
(CDF-Zotung တပ်ဖွဲ့ဝင်များ စစ်​ရေး​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-CDF)

ချင်းပြည်နယ် မတူပီမြို့နယ် ဇိုတုန်ဒေသ၌ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်ဟုချင်းဒေသကာကွယ်ရေးတပ်-ဇိုတုန်(CDF-Zotung)ကထုတ်ပြန်သည်။

ယ​နေ့(ဖေဖော်ဝါရီ ၈ရက်) နေ့လည် ၁၂နာရီမှ မွန်းလွဲ ၂ နာရီ အတွင်း တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ခဲ့ကြောင်းသိရသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ပြီး မောင်းပြန် သေနတ် ၂လက် သိမ်းဆည်းရမိခဲ့သည်ဟု အသိပေးထားသည်။

တိုက်ပွဲတွင် CDF-Zotung နှင့် ပူးပေါင်းတပ်ဖွဲ့၀င်များ ထိခိုက်မှု မရှိဟုလည်းဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီတပ်သည် ရေဇွာမှ မိုင် ၂၀ အကွာရှိ ဇိုတုန်ရွာ တစ်ရွာတွင် တပ်စွဲညအိပ်လျက်ရှိကြောင်း၊ ဇိုတုန် ဒေသတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ရေဇွာ – မတူပီ ကြားခရီးသွားလာခြင်း မပြုရန် အသိပေးထားသည်။

မတူပီမြို့နယ်တွင် ​ဖေ​ဖော်ဝါရီ လဆန်းပိုင်းတွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook