Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးတွင် ကင်းပတ်ထွက်လာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခို​က်

ယမန်နေ့ (ဖေဖော်ဝါရီ ၉ ရက်) နံနက် ၁၁နာရီဝန်းကျင်က နွားထိုးကြီးမြို့၏ အရှေ့ဘက် (၁)မိုင်ခန့်အကွာတွင် ကင်းပတ်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ယာဥ်ငယ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နွားထိုးကြီး PDFအဖွဲ့ တာဝန်ခံက ပြောသည်။

နွားထိုးကြီး PDF အဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-NPDF
နွားထိုးကြီး PDF အဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-NPDF

မန္တလေးတိုင်း၊ နွား​ထိုးကြီးမြို့အနီးတွင် ကင်းပတ်ထွက်လာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း နွားထိုးကြီး PDFအဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၉ ရက်) နံနက် ၁၁နာရီဝန်းကျင်က နွားထိုးကြီးမြို့၏ အရှေ့ဘက် (၁)မိုင်ခန့်အကွာတွင် ကင်းပတ်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ယာဥ်ငယ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နွားထိုးကြီး PDFအဖွဲ့ တာဝန်ခံက ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာရသွားသည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

“ကားကတော့ ထိုးရပ်သွားပါတယ်။”ဟု နွားထိုးကြီး PDF အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းကလည်း နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ဘိုးရွာ၊ကူကုန်းကျေးရွာဘက်မှ ပြန်လာသည့် စစ်ကားတစ်စီးကို မြင်းခြံမြို့နယ် သင်ပြွန်းလမ်းခွဲအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားဘီးပွင့်ပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း၊ စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပျိုးကန်ရွာက စျေးသည်တစ်ဦး သေဆုံးခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook