Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ နေအိမ်မပြန်နိုင်သေး

နောင်ချိုမြို့နယ် လုံခန်ရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၅ ဦး သေဆုံးပြီး MDY PDFက ရဲဘော်၂ဦးကျဆုံးခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။

နောင်ချိုမြို့ တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ နေအိမ်မပြန်နိုင်သေး
နောင်ချိုမြို့ တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ နေအိမ်မပြန်နိုင်သေး

ရှမ်းပြည်နဲ့ မန္တလေးအစပ် နောင်ချိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တပ်တွေကြား တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။

ဒီနှစ် ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တို့ ကြားတိုက်ပွဲတွေဟာ နောင်ချိုမြို့နယ်၊ဒိုးပင်ကျေးရွာအုပ်စု ၊လုံခန်ရွာအနီးမှာ ဖြစ်ပွားခဲ့တာပါ။

ဒါကြောင့် လုံခန်ရွာနဲ့အနီးတဝိုက်က ဒေသခံ ပြည်သူ ၅၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

နောင်ချိုမြို့ တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ နေအိမ်မပြန်နိုင်သေး
နောင်ချိုမြို့ တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ နေအိမ်မပြန်နိုင်သေး

“တချို့တွေလည်း နေအိမ်ပြန်တဲ့သူရှိပေမယ့် လုံခန်ရွာကတော့ အဓိကပေါ့၊ မပြန်နိုင်ကြသေးပါဘူး၊ အိမ်တွေပျက်စီးတာတွေရှိတယ်”လို့ စစ်ရှောင်ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်ကိုင်ပေးနေသူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

နေအိမ်စိတ်မချလို့ အိမ်ပြန်သူတွေရှိပေမယ့် စစ်ကောင်စီတပ်တွေရှိနေတဲ့အတွက် မပြန်နိုင်သေးသူတွေလည်းရှိနေပါတယ်။

Public Service Announcement
Public Service Announcement

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်ဟာ လုံခန် ရွာသား ၇ ဦးကို ဖမ်းဆီးသွားခဲ့ပြီး ၁ ဦးကို သတ်ဖြတ်ခဲ့တဲ့ သတင်းတွေလည်းထွက်နေပါတယ်။

ဒါပေမယ့် အဲဒီသတင်းကို သီးခြားအတည်မပြုနိုင်သေးဘူးလို့ MDY PDFက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

နောင်ချိုမြို့ တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ နေအိမ်မပြန်နိုင်သေး
နောင်ချိုမြို့ တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ နေအိမ်မပြန်နိုင်သေး

” သတင်းကြားတယ်၊ လောလောဆယ်တော့ အတည်မပြုနိုင်သေးဘူး၊စစ်ကောင်စီနဲ့ကလည်း တိုက်ပွဲပြီးသွားတဲ့သဘောမဟုတ်သေးပါဘူး၊သူတို့တွေဆက်ရှိနေဆဲပါပဲ”လို့ တာဝန်ခံကဆိုပါတယ်။

နောင်ချိုမြို့နယ် လုံခန်ရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၅ ဦး သေဆုံးပြီး MDY PDFက ရဲဘော်၂ဦးကျဆုံးခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။

မန္တလေး PDF နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နောင်ချိုမြို့ဟာ စစ်တပ်မြို့ လူသိများတဲ့ ပြင်ဦးလွင်မြို့နဲ့ ထိစပ်နေတဲ့ ဒေသဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။