Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင်း မိုးသည်းထန်ပြီး မိုးသီးများကြွေ

ရန်ကုန်တွင် လက်ရှိ အချိန်အထိ မိုးသည်းထန်စွာ ရွာသွန်းနေပြီး လမ်းများရေကြီးရေလျှံနေကြောင်း မွန်းလွဲ ၂ နာရီကျော်အချိန်တွင် ၎င်းကပြောသည်။

ရန်ကုန်တွင်း မိုးသည်းထန်ပြီး မိုးသီးများကြွေ
ရန်ကုန်တွင်း မိုးသည်းထန်ပြီး မိုးသီးများကြွေ

ရန်ကုန်မြို့ရှိ မြို့နယ်တော်‌တော်များများ၌ ဖေဖော်ဝါရီ ၁၇ ရက်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးသီးများလည်းကြွေခဲ့သည်။

” မိုးများလာပြီး ခေါင်မိုးပေါ်ကနေ တဒေါက် ဒေါက်ကျလာသံတွေကြားရလို့ ထွက်ကြည့်တာ မိုးသီးသေးသေးလေးတွေပါလာတာ” ဟု ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်၌ နေထိုင်သူတစ်ဦးကပြောသည်။

ရန်ကုန်တွင် လက်ရှိ အချိန်အထိ မိုးသည်းထန်စွာ ရွာသွန်းနေပြီး လမ်းများရေကြီးရေလျှံနေကြောင်း မွန်းလွဲ ၂ နာရီကျော်အချိန်တွင် ၎င်းကပြောသည်။

ထို့ပြင် သာကေတ၊ ပုဇွန်တောင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ထောက်ကြန့်စသည့် မြို့များတွင်လည်း မိုးသီးကြွေသည်အထိ မိုးရွာသွန်းမှုများရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၁၆ ရက်ကလည်း မြို့နယ်တော်တော်များများ၌ မိုးသည်ထန်စွာ ရွာသွန်းမှုများရှိခဲ့သည်။

အချို့နေရာများ၌ မိုးသည်းထန်သလို လေပြင်းများတိုက်ခတ်သောကြောင့် သစ်ပင်လဲကျသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ အင်းလျားကန်ဘေးမှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ မနေချင်သူ ဘယ်သူရှိမလဲလို့ ကိုထွန်းထွန်းက တုံ့ဆိုင်းစွာနဲ့ ရှင်းပြဖို့ ကြိုးစား ရှာပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ရန်ကုန်မြို့မှာ လမ်းဘေးခွေးကိုက်ခံရပါက ဆေးကုသစရိတ်နဲ့လမ်းစရိတ်ထောက်ပံ့ပေးမဲ့ အသင်းအဖွဲ့တစ်ခုကိုတိရိစ္ဆာန်ချစ်သူတွေစုပြီး အောက်တိုဘာပထမအပတ်မှာဖွဲ့စည်းလိုက်တယ်လို့ အဲဒီမှာ ပါဝင်သူတွေက ပြောပါတယ်။

သတင်း

FMIက Yoma Strategic နဲ့အတူ စီမံကိန်းကို အဆင့်လိုက်ပြန်စမယ်ဟုဆို

Trending

Facebook