Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အသံတိတ်သပိတ်မစခင် နာရီပိုင်းအလိုမှာ ရန်ကုန်မြို့က လမ်းပိုင်းအချို့ စတင်တိတ်ဆိတ်လာ

စစ်အုပ်စုဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လူ ၃၀၀ ခန့်နဲ့ စစ်တပ်ထောက်ခံပွဲလုပ်ဖို့ရှိပြီး မြို့လယ်ခေါင်အနီးပတ်ဝန်းကျင် မှာ ချီတက်ကြဖို့လည်းရှိနေပါတယ်။

အသံတိတ်သပိတ်မစခင် နာရီပိုင်းအလိုမှာ ရန်ကုန်မြို့က လမ်းပိုင်းအချို့ စတင်တိတ်ဆိတ်လာ
အသံတိတ်သပိတ်မစခင် နာရီပိုင်းအလိုမှာ ရန်ကုန်မြို့က လမ်းပိုင်းအချို့ စတင်တိတ်ဆိတ်လာ

စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်ဆင်နွှဲတဲ့ ဒီနေ့မှာ သပိတ်မစတင်မီ နာရီပိုင်းအလိုကပင် ရန်ကုန်မြို့က လမ်းပိုင်းအချို့မှာ စတင်တိတ်ဆိတ်သွားတာတွေ့ရပါတယ်။

အသံတိတ်သပိတ်ကို မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ၅ နာရီကြာ ဆင်နွှဲမှာဖြစ်ပြီး လူထုတစ်ရပ်လုံး အိမ်ပြင်မထွက်ဘဲ ဘေးကင်းစွာ ပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေ ၊သပိတ်ခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။

သပိတ်စတင်မယ့်အချိန် ၁၀ နာရီမတိုင်ခင်ကပင် ရန်ကုန်မြို့မှာ အရေးပါတဲ့ ပြည်လမ်း ၊ ကမ္ဘာအေး ဘုရားလမ်းနဲ့ ပါရမီလမ်းမကြီးတွေမှာ ကားအသွားအလာနည်းပါးသွားတာတွေ့ရပါတယ်။

ဆင်ခြေဖုန်းမြို့နယ်တွေက ဈေးအချို့ဟာလည်း ဒီနေ့မှာခြောက်ကပ်နေတယ်လို့ ဒေသခံတွေဆီက စုံစိမ်းသိရပါတယ်။

အသံတိတ်သပိတ်ကို တန်ပြန်တဲ့အနေနဲ့ စစ်အုပ်စုဘက်ကလည်းလူစုပြီး လမ်းပေါ်ထွက်ကာ စစ်တပ်ထောက်ခံပွဲတွေ လုပ်ဖို့ရှိနေပါတယ်။

” ဟိုအုပ်စုလူတွေ ပဲ ကားပေါ် ဆောင်းဘောက်တင်ပြီး အချုပ်အခြာဘာညာ ဖွင့်ပြီးသွားတာတွေ့လိုက်တယ်” လို့ ရန်ကုန် ဆင်ခြေဖုန်းမြို့နယ်တစ်ခုမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

စစ်အုပ်စုဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လူ ၃၀၀ ခန့်နဲ့ စစ်တပ်ထောက်ခံပွဲလုပ်ဖို့ရှိပြီး မြို့လယ်ခေါင်အနီးပတ်ဝန်းကျင် မှာ ချီတက်ကြဖို့လည်းရှိနေပါတယ်။

You May Also Like

သတင်း

စစ်အုပ်စုက လက်နက်ငယ်များဖြင့် ရွာသာကြီး ရောက်သည်အထိ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ဆက်မသွားတော့ဘဲ ရွာသာကြီးရွာအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း​ ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သတင်း

ကန်ပက်လက်မြို့နယ်အတွင်း ရင်းကဲ့ - ကျင်ဒွေး- မကွီးအိမ်နုးမြို့ကို အဓိကဆက်သွယ်ထားသော ယင်းလမ်းပိုင်းအား ယာယီပိတ်လိုက်ကြောင်းကို ချင်းကာကွယ်ရေးဖွဲ့ (ကန်ပက်လက်) CDF – Kanpetletက ယနေ့ (မတ်လ၂၆ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် မိုင်းဆွဲခံရသည့်နေရာအနီးရှိ ကျော်ဇေယျာရွာကို ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ကာ ရွာသား နှစ်ဦးကို ဖမ်းဆီးရိုက်နှက်နှိပ်စက်ခဲ့ပြီး ညပိုင်းအချိန်မှ ပြန်လွှတ်ပေးခဲ့​ကြောင်း ဒေသခံများက ပြောသည်။

သတင်း

မတ်လ ၆ ရက်နှင့် ၇ ရက်များက မုံရွာ-ချောင်းဦးလမ်းပိုင်း၊ မြေနဲကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့်ပျူများအား ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။