Connect with us

Hi, what are you looking for?

သတင်း

ဒဂုံဆိပ်ကမ်း မှာ ရာအိမ်မှူးတွေစုဝေးနေချိန်ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံး ပြီး ၄ ဦးဒဏ်ရာရ

ဒီပစ်ခတ်မှုကို ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာလို့ အတည်ပြု ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဒဂုံဆိပ်ကမ်း မှာ ရာအိမ်မှူးတွေစုဝေးနေချိန်ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံး ပြီး ၄ ဦးဒဏ်ရာရ
ဒဂုံဆိပ်ကမ်း မှာ ရာအိမ်မှူးတွေစုဝေးနေချိန်ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံး ပြီး ၄ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၊၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ရာအိမ်မှူးတွေစုဝေးနေချိန် မနေ့ညနေပိုင်းကပစ်ခတ်မှုဖြစ်ပြီး ၂ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရသွားပါတယ်။

သေဆုံးသွားတဲ့ ရာအိမ်မှူး ၂ ဦးဟာ အသက် ၄၆ နှစ်အရွယ် နဲ့ အသက် ၆၀ အရွယ်တွေရှိကြပါပြီ။

ဒဏ်ရာရသူ ၄ ဦးမှာ ရာအိမ်မှူး ၂ ဦး ၊ဆယ်အိမ်မှူး ၁ဦးနဲ့ ဆိုင်ကယ်ကယ်ရီသမားတို့ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

Public Service Announcement
Public Service Announcement

ဒဏ်ရာရသူ ရာအိမ်မှူး ၂ ဦးအနက် ၁ ဦးဟာအသက် ၂၈ နှစ်အရွယ်အမျိုးသမီးရာအိမ်မှူးဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ရာအိမ်မှူးတွေစုဝေးနေချိန် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်မှာ သေနတ်အတိုကိုင်ထားတဲ့အမျိုးသား ၃ ဦး ရုံးထဲဝင်လာပြီး ပစ်သွားတာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ထားပါတယ်။

ဒီပစ်ခတ်မှုကို ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာလို့ အတည်ပြု ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။