Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့သို့ PDF ၅၀၀ ဦးလာ​တော့မည်ဆိုကာ စစ်​ကောင်စီလုံခြုံ​ရေးတိုးမြှင့်​နေ

ယခုတစ်ပတ်အတွင်း ရန်ကုန်-နေပြည်တော် တိုးဂိတ် အပါအဝင် အဝေးပြေးကားဝန်း နှင့် နယ်မြေအလိုက် စစ်ဆေးမှုများကို လုံခြုံ​ရေးစည်း ၂ စည်းဖြင့်စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်နေသည်ဟု သိရသည်။

(ရန်ကုန်တွင် ညပိုင်း၌ဧည့်စာရင်းလိုက်စစ်​နေ​သောစစ်​ကောင်စီတပ်၊ရဲနှင့်အုပ်ကြီးအချို့ကို ၂၀၂၁ က​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ရန်ကုန်တွင် ညပိုင်း၌ဧည့်စာရင်းလိုက်စစ်​နေ​သောစစ်​ကောင်စီတပ်၊ရဲနှင့်အုပ်ကြီးအချို့ကို ၂၀၂၁ က​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

▪︎မြို့အဝင်မှအ​ဝေး​ပြေးကာဝန်းအထိ့နှင့် ​ခြောက်​ကွေ့ အထိ့ပါလုံခြုံ​ရေးများချထားဟုသိရ

ရန်ကုန်မြို့သို့ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ ဝင်(PDF) ၅၀၀ဦး ဝင်လာမည့် သတင်းကြောင့် ရန်ကုန်မြို့ တွင်း တပ်လှန့်ထားကြောင်း စစ်ကောင်စီတပ်တွင်း သတင်းရင်းမြစ်များက People’s Spring သတင်းဌာနသို့ ပြောသည်။

ယခုတစ်ပတ်အတွင်း ရန်ကုန်-နေပြည်တော် တိုးဂိတ် အပါအဝင် အဝေးပြေးကားဝန်း နှင့် နယ်မြေအလိုက် စစ်ဆေးမှုများကို လုံခြုံ​ရေးစည်း ၂ စည်းဖြင့်စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်နေသည်ဟု သိရသည်။

(ရန်ကုန်တွင် ညပိုင်း၌ဧည့်စာရင်းလိုက်စစ်​နေ​သောစစ်​ကောင်စီတပ်၊ရဲနှင့်အုပ်ကြီးအချို့ကို ၂၀၂၁ က​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ရန်ကုန်တွင် ညပိုင်း၌ဧည့်စာရင်းလိုက်စစ်​နေ​သောစစ်​ကောင်စီတပ်၊ရဲနှင့်အုပ်ကြီးအချို့ကို ၂၀၂၁ က​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

“အဓိကတော့ တိုးဂိတ်ကနေ အဝေးပြေးဝင်းအထိလမ်းကြောတစ်လျှောက်မှာ အရပ်ဝတ်ရော၊ တိုင်းတပ်ရင်းကပါ စောင့်နေတာရှိတယ်။ပြီးတော့ အဝေးပြေးကနေကျော်လာနိုင်ရင်ထပ်ဆင့် စစ်ဆေးနိုင်ဖို့ ခြောက်ကွေ့ အထိပါ လုံခြုံရေးချထားတယ်”ဟု ရန်ကုန်တိုင်း၌ လုံခြုံရေးတာဝန်ယူထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့​ပြောသည်။

အလားတူ ရန်ကုန်တိုင်းရှိ နယ်မြေအလိုက် လူစာရင်း ဝင်ရောက်လာမှုကို သေချာစိစစ်တင်းကြပ်ရန်လည်း အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားကြောင်းလည်း စစ်ကောင်စီ၏ သီးခြားသတင်းရင်းမြစ်က အသိပေးသည်။

Public Service Announcement

Public Service Announcement

“သတင်းအရတော့ PDF တွေအနေနဲ့ လူအင်အားဖြည့်ပြီး နောက် နှစ်လ လောက်အတွင်း ရန်ကုန်မှာ ကြီးမားတဲ့ ဖောက်ခွဲမှု ဒါမှမဟုတ် တိုက်ခိုက်မှု ရှိမယ်ဆိုပြီး သတင်းအတိအကျ ရတယ်လို့သိရတယ်”ဟု ၎င်းကဆိုသည်။

ယခု ရက်ပိုင်းတွင် ရန်ကုန်မြို့၌ ဒဂုံဆိပ်ကမ်း၊ သာကေတနှင့်သန်လျင် တို့တွင် စစ်ကောင်စီ ၏ အုပ်ချုပ်ရေးမှူးများ၊ရာအိမ်မှူးနှင့် လက်နက်ကိုင် ပျူစောထီး အချို့ ကိုPDFများကဆက်တိုက်ပစ်ခတ်ရှင်းလင်းခဲ့သည်။ထို​ကြောင့် စစ်​ကောင်စီသည် ရန်ကုန်တွင်ပိတ်ဆို့ရှာ​ဖွေမှုများပိုမိုပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။