Connect with us

Hi, what are you looking for?

သတင်း

ရဲတပ်ရင်း(၂၈)အနီးရှိ ကျေးရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးပစ်ခတ်၍ ပြည်သူနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

စစ်ကောင်စီတပ်သည် မုံရွာ – ပုသိမ်လမ်းပေါ်ရှိ ခရီးသွားပြည်သူများ၏ ယာဥ်များကိုလည်း တားဆီးစစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရဲတပ်ရင်း (၂၈)အား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj
ရဲတပ်ရင်း (၂၈)အား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် မုံရွာ – ပုသိမ်လမ်းဘေး ရဲတပ်ရင်း (၂၈)အနီးရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်၍ ပြည်သူနှစ်ဦး ကျဉ် ထိမှန်ဒဏ်ရာရရှိထားကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၇ ရက်) နံနက် ၅ နာရီခွဲခန့်က စစ်ကောင်စီတပ်သည် ရွှေတောင်ဦးကုန်းမှ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှလာသော စစ်ယာဥ် သုံးစီးနှင့်အတူ မုံရွာ – ပုသိမ်လမ်းအတိုင်း ရဲတပ်ရင်း (၂၈)အနီး ကျေးရွာများကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement
Public Service Announcement

“အင်အားတော့ အတိအကျခန့်မှန်းမရဘူး။ များတယ်။ မုံရွာ – ပုသိမ်လမ်း ရွှေတောင်ဦးကုန်းနဲ့ ဝမ်းပေါင်လမ်းဆုံအထိ ကင်းပုန်းတွေချထားတယ်။ ကျေးရွာတွေထဲမှာလည်း ဝင်ရောက်နေတာတွေရှိတယ်။”ဟု ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) တပ်ခွဲ – ၁ Brother Defense Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကြောင်းအတွက် လုံခြုံရေး ကင်းပုန်းယူပေးနေသော ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီနှင့် ၁၆ ကုတင်တိုက်နယ်ဆေးရုံအနီး ကင်းပုန်းယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့နံနက် ၇ နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ငါးဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း Brother Defense Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မုံရွာ – ပုသိမ်လမ်းပေါ်ရှိ ခရီးသွားပြည်သူများ၏ ယာဥ်များကိုလည်း တားဆီးစစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။