Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင် ကျဆုံးသူလေးဦးအတွက်အမှတ်တရပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်က ပြည်သူအချို့ကို ဖမ်းဆီး

ယမန်နေ့(ဖေဖော်ဝါရီ ၂၈)တွင် Yangon Revolution Force – YRF မှ ရဲဘော်များက ကျဆုံးပြည်သူ လေးဦး၏ ရုပ်ပုံရိုက်နှိပ်ထားသည့် အင်္ကျီများဝတ်ဆင်ကာ ၎င်းတို့ကျဆုံးခဲ့သည့် နေရာများအပါအဝင် ရန်ကုန်မြို့ရှိ နေရာအချို့၌ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြသည်။

(ကျဆုံးလူငယ်ကိုညီညီအောင်ထက်နိုင်အတွက် ယမန်နေ့က အမှတ်တရပြုလုပ်နေစဥ်။ ဓာတ်ပုံ - YRF)
(ကျဆုံးလူငယ်ကိုညီညီအောင်ထက်နိုင်အတွက် ယမန်နေ့က အမှတ်တရပြုလုပ်နေစဥ်။ ဓာတ်ပုံ - YRF)

နွေဦးတော်လှန်ရေးအတွင်း ရန်ကုန်မြို့တွင် ပထမဦးဆုံး ကျဆုံးသွားခဲ့သည့် ပြည်သူလေးဦးကို အောက်မေ့ဂုဏ်ပြုသည့်အနေဖြင့် လွမ်းဆွတ်ခြင်း လှုပ်ရှားမှုပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်က ပြည်သူအချို့ကို အကြောင်းမဲ့ဖမ်းဆီးမှုပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၈)တွင် Yangon Revolution Force – YRF မှ ရဲဘော်များက ကျဆုံးပြည်သူ လေးဦး၏ ရုပ်ပုံရိုက်နှိပ်ထားသည့် အင်္ကျီများဝတ်ဆင်ကာ ၎င်းတို့ကျဆုံးခဲ့သည့် နေရာများအပါအဝင် ရန်ကုန်မြို့ရှိ နေရာအချို့၌ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြသည်။

ထို့နောက် နေ့လည် ၂ နာရီကျော်တွင် အဆိုပါ လှုပ်ရှားမှုပြုလုပ်ရာတွင် ပါဝင်သည့် ကမာရွတ်မြို့နယ်၊ ကျောင်းရှေ့မှတ်တိုင်အနီး၊ အထက(၅)ကျောင်းရှေ့သို့ စစ်ကောင်စီဝင်များ ရောက်ရှိလာကာ လမ်းသွားလမ်းလာများနှင့် CCTV များ စစ်ဆေးမှုပြုလုပ်ပြီးနောက် ဆေးဆိုင်နှင့် မုန့်ဆိုင်မှ ဝန်ထမ်း ၂၀ ဦးခန့်ကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ကမာရွတ်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

“မနေ့က ကလေးတွေ ကျောင်းရှေ့မှာ ဆန္ဒပြပုံတွေ တက်ပြီးတာနဲ့ ကမာရွတ်ကျောင်းရှေ့ကို စစ်သားတွေအများကြီး ရောက်လာတယ်။ CCTV စစ်ဆေးတာတွေ လုပ်တယ်။ အဲ့နားက ဆိုင်က လုံခြုံရေးနဲ့ ဝန်ထမ်းလေးတွေ ၁၀ယောက်ကျော်ကို စစ်ဆေးဖို့ ဆိုပြီး ဖမ်းသွားပါတယ်။ ဦးထွန်းလမ်းခြံလမ်းထဲက ဆိုင်တွေက ကလေးတွေ ၁၀ယောက်ကျော်လဲ ပါသွားတယ်။ စုစုပေါင်း ၂၀ လောက် ဖမ်းခံလိုက်ရတယ်လို့ ကြားပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဖမ်းဆီးခံ ပြည်သူများသည် ယမန်နေ့ညပိုင်းက ပြန်လည်လွတ်မြောက်လာသည်ဟု ကြားသိရသော်လည်း People’s Spring အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်တွင် အကြမ်းဖက် စစ်ကောင်စီ၏ ရက်ရက်စက်စက် ဖြိုခွင်းပစ်ခတ်မှုကြောင့် ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းမ၌ ကိုညီညီအောင်ထက်နိုင်နှင့် ကိုဇင်လင်းထက်တို့ ကျဆုံးခဲ့သည်မှာ ယမန်နေ့၌ ၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။