Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်

စစ်ကောင်စီတပ်နှင့်ပျူများ အများအပြားထိခိုက်ဒဏ်ရာများရရှိနိုင်ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဟု ရေစကြို(ပကဖ)အဖွဲ့က ဆိုသည်။

(လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ပုံအဟောင်းကို အသုံးပြုထားပါသည်)

မကွေးတိုင်း၊ မြိုင်မြို့နယ်မှ ရေစကြိုမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုအထိအခိုက်ရှိပြီး ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ်လ၇ရက်မှစ၍ မြိုင်မြို့နယ်၊ ကနီပျူစေ ထီးရွာမှ ရေစကြိုမြို့နယ်အတွင်းသို့ဝင်လာသောစစ်ကြောင်းအား နှစ်ရက်တာ အနီးကပ်​ချောင်းမြောင်းခြင်း၊ ဒရုန်းဖြင့် ဗုံးများချခြင်းများဖြင့်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်နှင့်ပျူများ အများအပြားထိခိုက်ဒဏ်ရာများရရှိနိုင်ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဟု ရေစကြို(ပကဖ)အဖွဲ့က ဆိုသည်။

အင်အား၄၀ခန့်ရှိသော စစ်ကောင်စီတပ်နှင့်ပျူများသည် လက်ရှိတွင် မြေနီကုန်းကျေးရွာတွင် မွှေနှောက်ရှာဖွေနေကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စစ်ကြောင်းတွင်းမှ MAကျည်အိမ်နှစ်ခု ၊၅.၅၆ကျည် ၂၀၅တောင့် နင်းမိုင်း တစ်လုံးသိမ်းဆည်းရမိ၍ စစ်ကြောင်းတွင်းမှ ဓားစာခံ ပြည်သူတစ်ဦးအား မိမိတို့ကာကွယ်ရေးရဲဘော်များမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့က အသိပေးသည်။

“အထိအခိုက်ကများနိုင်တယ်။ နှစ်ရက်ပေါင်းကို ဒရုန်းနဲ့ အီနာဂါ ၁၂လုံးလောက်ရှိမယ်။ ကျွန်တော်တို့တွေရှင်းလင်းရေးဝင်တဲ့အချိန် သွေးကွက်တွေ၊ ဆေးကုထားတဲ့အပ်တွေ၊ ဂွမ်းတွေပတ်တီးတွေအစအနတွေ တွေ့ရတယ်။”ဟု ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒရုန်းစစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့်အတူ သံမဏိသိန်းငှက် ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ယမန်နေ့(မတ်လ ၇ ရက်) ညနေပိုင်းကလည်း ရေစကြိုမြို့နယ်၊ အမှတ်(၈)ရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ကောင်စီတပ်နှင့်ပျူများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများကြောင်း ရေစကြို(ပကဖ)အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။