Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူပေါင်း ၁ ဘီလီယံကျော်ကို ကာကွယ်ဆေး ၂ ကြိမ် အပြည့် ထိုးနှံပေးထားပြီးပြီလို့ တရုတ်ထုတ်ပြန်

နိုင်ငံလူဦးရေ ၁.၄၁ ဘီလီယံ ရှိတဲ့ထဲမှာ ၁ ဘီလီယံကျော်ထိ ကာကွယ်ဆေး ထိုးပြီးပြီလို့ စက်တင်ဘာ ၁၆ ရက်မှာ တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်က ကြေညာခဲ့ပါတယ်။

လူပေါင်း သန်း ၁ ထောင်ကျော် (၁ ဘီလီယံကျော်)ကို ကာကွယ်ဆေး ၂ ကြိမ် အပြည့်အဝ ထိုးနှံပေးပြီးပြီလို့ တရုတ် ကျန်းမာရေးဌာန အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံလူဦးရေ ၁.၄၁ ဘီလီယံ ရှိတဲ့ထဲမှာ ၁ ဘီလီယံကျော်ထိ ကာကွယ်ဆေး ထိုးပြီးပြီလို့ စက်တင်ဘာ ၁၆ ရက်မှာ တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်က ကြေညာခဲ့ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံး နိုင်ငံကြီး အတွက်တော့ ကာကွယ်ဆေး ထိုးနှံမှုနဲ့ ပတ်သက်လို့ အထင်ကရ မှတ်တိုင်တစ်ခုကို ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

တရုတ်ဟာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ အစပြုခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကပ်ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ ရှေ့ဆောင်လမ်းပြ ရပ်တည်နေတဲ့ နိုင်ငံတစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။ တရုတ်က လူပေါင်း ၁ ဘီလီယံကျော် ကာကွယ်ဆေး ထိုးပေးပြီးချိန်မှာ ပြိုင်ဘက်လည်းဖြစ်၊ ကမ္ဘာပေါ်မှာ ဒုတိယ လူဦးရေ အများဆုံး နိုင်ငံလည်းဖြစ်တဲ့ အိန္ဒိယမှာတော့ လူပေါင်း ၇၆၆ သန်းလောက်ကို အနည်းဆုံးတစ်ကြိမ် ကာကွယ်ဆေး ထိုးပေးပြီးပြီလို့ သိရပါတယ်။ အိန္ဒိယမှာ လူဦးရေ ၁.၃၆ ဘီလီယံလောက် ရှိပါတယ်။ အိန္ဒိယရော၊ တရုတ်ပါ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ဆေးတွေကို အဓိက အသုံးပြုနေတာ ဖြစ်ပါတယ်။

နိုင်ငံသား အချိုးအစားနဲ့ တွက်ရင်လည်း တရုတ်ဟာ ကမ္ဘာ့စူပါပါဝါ နိုင်ငံကြီးတွေ အားလုံးထဲမှာ ကာကွယ်ဆေး ထိုးနှံနိုင်စွမ်း အမြင့်ဆုံး ဖြစ်လာပါတယ်။ တရုတ်ဟာ လူဦးရေ ၇၀ ရာခိုင်နှုန်းလောက်ကို ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးပေးပြီး ဖြစ်နေချိန်မှာ အမေရိကန်က ၅၄ ရာခိုင်နှုန်း၊ ဥရောပ သမဂ္ဂက ၆၂.၃ ရာခိုင်နှုန်းနဲ့ အိန္ဒိယက ၁၃.၂ ရာခိုင်နှုန်းစီ အသီးသီး ဆေးထိုးပေးပြီး ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လထဲမှာ တရုတ်ရဲ့ ကာကွယ်ဆေး ထိုးပေးမှု လုပ်ဆောင်နိုင်စွမ်းက အမြင့်ဆုံးအဆင့် ရောက်ခဲ့ပြီး တစ်နေ့ကို လူပေါင်း သန်း ၂၀ လောက်ထိ ကာကွယ်ဆေး ထိုးနိုင်ခဲ့ပါတယ်။ တရုတ် အစိုးရဟာ ကာကွယ်ဆေး မထိုးချင်သူတွေကို မူအားဖြင့် လက်ခံ ခွင့်ပြုထားပေမယ့် လက်တွေ့ ဘဝမှာတော့ ကာကွယ်ဆေး မထိုးရင် အနေအထိုင် အရမ်းကျပ်တည်းအောင် စည်းမျဉ်းတွေ ထုတ်ပြန်ထားလိုက်ပါတယ်။ ကာကွယ်ဆေး မထိုးထားတဲ့ သူတွေဟာ လူအများ သွားလာ လည်ပတ်တဲ့ နေရာတွေကို ဝင်ရောက်ခွင့် မရသလို လူစုလူဝေးနဲ့ အခမ်းအနားတွေကိုလည်း တက်ရောက်ခွင့် မရှိတော့ပါဘူး။

တရုတ်မှာ ပြည်တွင်း ကုမ္ပဏီတွေဖြစ်တဲ့ Sinovacနဲ့ Sinopharmတို့ရဲ့ ကာကွယ်ဆေးတွေကို ထိုးနှံပေးနေတာပါ။ ဒီဆေးနှစ်မျိုးလုံးကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အရေးပေါ် သုံးစွဲဖို့ အတည်ပြု ထောက်ခံပေးထားပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် စစ်တပ်ထဲက ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို ဖယ်ရှားရှင်းလင်းခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ အစီအမံတွေကို အဓိက ဦးဆောင် တာဝန်ယူပေးခဲ့သူ စစ်ဗိုလ်ချုပ် တစ်ဦးဟာ အခုအခါ ရာထူး တိုးသွားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် ကုမ္ပဏီတွေက ကြော်ငြာစာချုပ်တွေ ရပ်ဆိုင်းတာ အပါအဝင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံလာတဲ့နောက် ပြင်သစ် လက်ရွေးစင် အသင်း တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပေက တရုတ် ကွန်မြူနစ်ပါတီ (CCP) ထူထောင်သူ မော်စီတုန်းကို အာဏာရှင်လို့ ရည်ညွှန်းခဲ့မိတဲ့ သူ့စကားအတွက် ပြန်လည် တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ အိန္ဒိယ နယ်စပ်တလျှောက်မှာ နှစ်ဖက် လုံခြုံရေး တပ်ဖွဲ့တွေကြား ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ ဆက်ဖြစ်နေတယ်လို့ အိန္ဒိယ နယ်စပ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ နယ်စပ်မြို့ တစ်ခုကို သွားရောက်ခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ နေရပ်ကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။