Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းမှ ဟားခါးသို့ရိက္ခာပို့မည့် တင့်ကားပါစစ်ယာဉ်တန်းကို ချင်းတပ်ဖွဲ့တိုက်ခိုက်

ဟားခါးအထိ ရိက္ခာပို့မည့် ယာဉ်တန်းဖြစ်၍ အဆိုပါယာဉ်တန်းကို တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ရာ တိုက်ပွဲများပြင်းထန်နိုင်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

(ဟားခါးသို့ရိက္ခာပို့မည့် တင့်ကားပါ စစ်ယာဉ်တန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)
(ဟားခါးသို့ရိက္ခာပို့မည့် တင့်ကားပါ စစ်ယာဉ်တန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)

▪️စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟုဆို

စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် ဟားခါးမြို့စစ်ဗျူဟာသို့ ရိက္ခာနှင့် ခဲယမ်း ပို့ဆောင်ရန် ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို ယနေ့ တိုက်ခိုက်ခဲ့ရပြီး သေဆုံးထိခိုက်မှုရှိကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ယာဉ်အစီးရေ ၃၀ ခန့်ပါသည့် အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၇ရက်တွင် စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ ထွက်ခွာလာခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

“ချင်းပြည်နယ် ဟားခါး စစ်ဗျူဟာကို ရိက္ခာလာပို့တဲ့ ယာဉ်တန်းကြီးကို အခု တိုက်ပွဲတွေဖြစ်နေပါတယ်။ အဲဒီမှာ ဒီနေ့က တီးတိန်နယ်ထဲမှာ တိုက်ပွဲဖြစ်ပြီးတော့မှ စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းကွင်းတစ်ခုကို တိုးတော့ အဲဒီမှာ ခြောက်ယောက်သေတယ်။ ၁၄ ယောက် ဒဏ်ရာရတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

ဟားခါးအထိ ရိက္ခာပို့မည့် ယာဉ်တန်းဖြစ်၍ အဆိုပါယာဉ်တန်းကို တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ရာ တိုက်ပွဲများပြင်းထန်နိုင်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ် ပလက်၀နယ်တွင်လည်း စစ်ကောင်စီတပ်က မတူပီနယ်မှတစ်ဆင့် ရှေ့တန်း ထေဘွေး (ထယ်ဘွေး)တပ်စခန်းသို့ စစ်အင်အားဖြည့်တင်းလျက်ရှိရာ ချင်းအမျိုးသားတပ်မတော်နှင့် ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF) တို့ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်းထိုးစစ်မှာ အဓိက တာဝန်ယူတဲ့ စစ်တပ်ရဲ့ တပ်မ(၇၇)တပ်ဖွဲ့တွေကို ပြန်လည်ရုတ်သိမ်းကာ ရဲတပ်ရင်းတွေနဲ့ အစားထိုးနေရာချထားတယ်လို့ သတင်းရရှိထားကြောင်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က ပြောပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

Facebook