Connect with us

Hi, what are you looking for?

News

စက်တင်ဘာလဝက်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၇၀ဦးသေဟု KNUတပ်မဟာ(၅) ထုတ်ပြန်

စစ်တပ်အာဏာသိမ်းပြီးကတည်းက တိုက်ပွဲများဆက် တိုက်ဖြစ်ပွားနေသည့် KNU တပ်မဟာ(၅) နယ်မြေတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့က အင်အားတိုးချဲ့လာ၍ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေဟု တပ်မဟာ(၅)က ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေတွင် စက်တင်ဘာ ၁ရက်မှ ၁၅ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၂၂ ကြိမ် ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ၇၀ ဦးသေဆုံပြီး ၉၁ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)၏ Mutraw News က သတင်းထုတ်ပြန် သည်။

KNU တပ်မဟာ(၅)ဘက်ကလည်း နှစ်ဦးကျဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက တိုက်ပွဲများဆက် တိုက်ဖြစ်ပွားနေသည့် KNU တပ်မဟာ(၅) နယ်မြေတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့က အင်အားတိုးချဲ့လာ၍ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေဟု တပ်မဟာ(၅)က ဆိုသည်။

အာဏာလုအကြမ်းဖက် စစ်ကောင်စီသည် အများပြည်သူများ၏ ဥယျာဉ်၊ ခြံမြေများအတွင်းသို့ လက်နက်ကြီးများစွာ ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူလူထုနေအိမ် ၅လုံး ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် ဒရုန်းများ၊ ကင်းထောက်လေယာဉ်များအသုံးပြုပြီး KNU တပ်မဟာ(၅) ထိန်းချုပ်ဒေသသို့ မကြာမကြာထောက်လှမ်းမှုများလုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် မတ်လအတွင်းက တပ်မဟာ(၅) နယ်မြေသို့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့၍ ဒေသတွင်းရှိ အရပ်သားများ သေဆုံးထိခိုက်မှု ရှိခဲ့ပြီး ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံ ထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook