Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တိုက်ပွဲ စစ်သား ၃ဦး​သေ

ယမန်နေ့က စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သည့်KIA၊ PDF ပူးပေါင်းတပ်ဖွဲ့သည် ယခုအခါ အန္တရာယ်ကင်းသည့်နေရာအား ရောက်ရှိနေပြီဟု သိရသည်။

PDF
PDF

▪︎စစ်တပ်ကလက်နက်ကြီးဖြင့်ရမ်းပစ်၍ ဒဏ်ရာရပြည်သူ ၇ဦးထဲမှ ၆ဦး​သေဆုံးဟု​ဒေသခံများ​ပြော

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့ညနေက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ကပစ်သည့် လက်နက်ကြီးကျည်ထိ၍ပြည်သူ ခြောက်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့(မတ်လ ၁၈ရက်) ညနေ ၆နာရီခန့်က ဖားကန့်မြို့အဝင် လုံးခင်း‌ကျေးရွာ မျောက်ကုန်းနေရာတွင် ကားပေါ်လိုက်ပါလာသော စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA) နှင့် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့-PDF ပူးပေါင်းတပ်ဖွဲ့က လမ်းမှဖြတ်၍တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲဖြစ်ခဲ့သည်။

“စစ်‌‌​ေ-တွေ၊ ရဲ​ေ-တွေ စီးလာတဲ့ ကားကစကာပေါက်ဖြစ်သွားတယ်။ သူတို့သေတာ လူသိမှာစိုးလို့လမ်းကို ပိတ်ပစ်လိုက်ပြီး ဒီနေ့မနက်မှ ပြန်ဖွင့်ပေးတာ။ သူတို့ဘက်က သုံးယောက်သေတာတော့သိတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးကPeople’s Spring သတင်းဌာနသို့ပြောသည်။

KIA
KIA

တိုက်ခိုက်မှုခံရပြီးနောက် စစ်ကောင်စီတပ်က ၎င်းတို့တပ်စွဲထားသည့်မှော်မောင်းလျံကုန်းပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လုံးခင်းကားကြီးဝင်းထဲသို့ ကျရောက်ပေါက်ကွဲသဖြင့် ‌ဒေသခံ ခုနှစ်ဦး ဒဏ်ရာရခဲ့သည်။စစ်ကောင်စီက လမ်းပိတ်ထားသောကြောင့် ဒဏ်ရာရသူများကို ညတွင်းချင်း သွားရောက်သယ်ယူနိုင်ခြင်းမရှိခဲ့ပေ။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူများအား ယနေ့(မတ်လ ၁၉ရက်) နံနက်တွင် သွားရောက်သယ်ယူရာ ၆ ဦးသေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဒေသခံများကပြောသည်။ သေဆုံးသူများမှာ အမျိုးသားလေးဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

Public Service Announcement
Public Service Announcement

“စစ်တပ်က ဒီလိုပဲ။ ရမ်းသမ်းပစ်တာပဲလုပ်တတ်တာ။ အခု အရပ်သားတွေ သေတာ သူတို့ ဘာတာဝန်မှ မယူဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

ယမန်နေ့က စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သည့်KIA၊ PDF ပူးပေါင်းတပ်ဖွဲ့သည် ယခုအခါ အန္တရာယ်ကင်းသည့်နေရာအား ရောက်ရှိနေပြီဟု သိရသည်။

“KIA၊ PDF ပစ်တဲ့နေရာက တကယ့် ထွက်ပေါက်ပိတ်နေတဲ့ နေရာဗျ။လူငယ်တွေ တော်တော် သတ္တိရှိတယ်။ အကုန်လုံး သူ့ဌာနေ ပြန်ရောက်နေပြီ။ သူတို့က အမိန့်မရလို့။ အမိန့်သာရ‌လို့ကတော့ တိုက်ချင်နေကြတာ”ဟု ဖားကန့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။