Connect with us

Hi, what are you looking for?

သတင်း

မင်းတပ် CDFက စစ်ယာဉ်တန်း ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ယာဉ်နှစ်စီးပျက်စီး

စစ်ကောင်စီယာဉ်တန်းသည် ယခုတစ်ခေါက်တွင် မင်းတပ်မြို့အထိသာ လာရောက်ခြင်းဖြစ်ပြီး မတူပီသို့ ဆက်လက်သွားရောက်ခြင်းမရှိပေ။

(မင်းတပ်CDF မှ ရဲဘော်များ စစ်မျက်နှာပြင်တစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - Hkl Mindat)
(မင်းတပ်CDF မှ ရဲဘော်များ စစ်မျက်နှာပြင်တစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - Hkl Mindat)

▪️ကျောက်ထု – မင်းတပ်လမ်း ပြန်လည်အသုံးပြုနိုင်ပြီဟု အသိပေး

မင်းတပ်မြို့သို့လာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ ယာဉ်နှစ်စီး ပျက်စီးမှုရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF) က သတင်းထုတ်ပြန်သည်။

မကွေးတိုင်း ပခုက္ကူမြို့ တပ်မ (၁၀၁)မှထွက်လာသည့် စစ်ကောင်စီယာဉ် ၈၅စီးပါယာဉ်တန်းသည် မတ်လ ၁၆ရက် ညနေပိုင်းတွင် ကျောက်ထု – မင်းတပ်ဘက်သို့ တက်လာရာ မင်းတပ် CDFက ပဒေသာမိုင်း အလုံး ၂၀ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် အသိအကျမသိရသော်လည်း စစ်ကောင်စီ ယာဉ်နှစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း၊ အဆိုပါယာဉ်တန်းထဲမှ ၃၅စီးသည် ပျက်စီးသွားသော ယာဉ်များကို တင်ဆောင်လျက် မတ်လ ၁၈ရက် နံနက်တွင် ကျောက်ထုမြို့သို့ ပြန်ဆင်းသွားကြပြီဖြစ်၍ မင်းတပ် – ကျောက်ထု လမ်းပိုင်းအား ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်းအသိပေးခဲ့သည်။

Public Service Announcement
Public Service Announcement

“(စစ်ကောင်စီယာဉ်တန်း) ကျောက်ထုတပ်ထဲ ပြန်ဝင်သွားပြီ။ လက်ရှိ ကျောက်ထုလေယာဉ်ကွင်းထဲရှိဆဲပါ”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီယာဉ်တန်းသည် ယခုတစ်ခေါက်တွင် မင်းတပ်မြို့အထိသာ လာရောက်ခြင်းဖြစ်ပြီး မတူပီသို့ ဆက်လက်သွားရောက်ခြင်းမရှိပေ။

“ဒီတစ်ခေါက် အဲဒီဘက်မတက်ကြတော့ဘူး။ မင်းတပ်အထိပဲ တက်လာကြတာ။ အပြန်မှာ ရဲ ၊ စစ်အပြောင်း၊ မိသားစုနဲ့ အချုပ်သားတွေ ပါသွားတယ်”ဟု ဒေသခံက ပြောသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်း မင်းတပ်မြို့သို့ မလာရောက်မီ စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း လက်နက်ကြီး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ စစ်ကောင်စီတပ်သည် မတ်လ ၁၃ရက် ညပိုင်းက မင်းတပ် – မတူပီလမ်း မိုင်တိုင် အမှတ်(၉)နှင့် (၁၄)အကြားတွင် လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ၊ လက်နက်ကြီးပစ်ခတ်မှု ၁၃ကြိမ်ပြုလုပ်ခဲ့ကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Facebook