Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်းတွင် စစ်ကောင်စီတပ်အရာရှိ၏သားဆိုသူ ပစ်ခတ်ခံရ

ဝင့်မိုးအောင်နှင့်အတူ သေနတ်ပစ်ခတ်ခံရသူမှာ ၎င်းနှင့် အမျိုးတော်စပ်သူဟုသာ အတည်ပြုနိုင်ပြီး စစ်အင်ဂျင်နီယာတပ်မှ ဗိုလ်မှူး၏ ဇနီးဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းကဖော်ပြထားပြီး လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

(စမ်းချောင်းမြို့နယ်၊ ဝေဋုဝန်မြောက်ရပ်ကွက်တွင် ၂၀၂၂ ဒီဇင်ဘာ ၂၂ ရက်က ပစ်ခတ်မှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စမ်းချောင်းမြို့နယ်၊ ဝေဋုဝန်မြောက်ရပ်ကွက်တွင် ၂၀၂၂ ဒီဇင်ဘာ ၂၂ ရက်က ပစ်ခတ်မှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးတစ်ဦး၏သားဟုဆိုသူ စစ်ထောက်လှမ်းရေးအဖွဲ့နှင့်နီးစပ်သူ အမျိုးသားတစ်ဦး ပစ်ခတ်ခံရကြောင်း ဒေသခံများက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့ (မတ်လ ၂၀ ရက်) ညနေ ၅ နာရီကျော်က စမ်းချောင်းမြို့နယ် ဆီဆုံလမ်း အမှတ် (၄၄) နေ စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးဆိုသူ၏သား စစ်ထောက်လှမ်းရေးတပ်သတင်းပေးဟုဆိုသူ ဝင့်မိုးအောင်အား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပစ်ခတ်မှုတွင် ဝင့်မိုးအောင်နှင့် ဆွေမျိုးသားချင်းတော်စပ်သည့် ဒေါ်ခင်ကြည်ဆိုသည့် အမျိုးသမီးတစ်ဦးပါ သေနတ်ကျည်ထိမှန်ခဲ့ပြီး ပစ်ခတ်ခံရသူနှစ်ဦးအား ဆေးရုံသို့ပို့ချိန်တွင် အသက်ရှိသေးကြောင်း ဒေသခံများက ပြောသည်။

“စုံစမ်းရသလောက် ပစ်ခံရတဲ့ကောင်က ဒု ဗိုလ်မှူးကြီးရဲ့သားဆိုတာတော့ သေချာတယ်။ အမျိုးသမီးကတော့ သူ့အစ်မ(ဝင့်မိုးအောင်)လို့လည်းပြောတယ်။ တချို့ကလည်း မောင်နှမဝမ်းကွဲလည်း ဆိုကြတယ်။ သေချာတာက အဲဒီအမျိုးသမီးက စစ်အင်ဂျင်နီယာဗိုလ်မှူးရဲ့ဇနီးဆိုတာ သေချာပါတယ်”ဟု ရန်ကုန်မြို့ UG များနှင့် နီးစပ်သူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဝင့်မိုးအောင်နှင့်အတူ သေနတ်ပစ်ခတ်ခံရသူမှာ ၎င်းနှင့် အမျိုးတော်စပ်သူဟုသာ အတည်ပြုနိုင်ပြီး စစ်အင်ဂျင်နီယာတပ်မှ ဗိုလ်မှူး၏ ဇနီးဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းကဖော်ပြထားပြီး လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

“အမျိုးသမီးကခြေထောက်ဘဲထိတာ ဆေးထည့်ပြီးပြန်လွတ်လိုက်ပြီတဲ့။ဟိုကောင်ကတော့ အသက်လုနေရတယ်လို့ကြားတယ်”ဟု စမ်းချောင်းမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီဝါဒဖြန့် ဆိုရှယ်မီဒီယာများတွင်ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆေးတက္ကသိုလ်မှ ပြန်လာသည့် ကျောင်းသားကို PDF များက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား နှင့် အဒေါ်ဖြစ်သူတို့ သေနတ်ဒဏ်ရာများရရှိသောကြောင့် ဆေးရုံသို့ပို့ဆောင်ထားသည်ဟု သတင်းဖော်ပြထားသည်။

အဆိုပါစစ်ဆင်ရေးကို မည်သည့်အဖွဲ့ကလုပ်ဆောင်ကြောင်းမသိရသေးဘဲ အခင်းဖြစ်သည့် အချိန်ကတည်းက စမ်းချောင်းမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီက စစ်ဆေးမှုများတင်းတင်းကြပ်ကြပ်လုပ်ဆောင်နေ‌သည်ဟု ​ရန်ကုန်မြို့ UG များနှင့်နီးစပ်သူတစ်ဦးကဆက်​ပြောသည်။

အထက်ပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဆီဆုံလမ်းထိပ်ရှိဗဟိုလမ်းမကြီးအား စစ်ကောင်စီတပ်က ပိတ်ဆို့ထားပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

ဝင့်မိုးအောင်သည် ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး စမ်းချောင်းမှ UG များ ၊ ဆေးတက္ကသိုလ် CDM ဆရာ၊ ဆရာမ၊ ကျောင်းသား ၊ကျောင်းသူများကို ဖမ်းဆီးရန် စစ်ထောက်လှမ်းရေးနှင့်ပေါင်း၍ လုပ်ဆောင်ခဲ့သည်ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းကသတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။