Connect with us

Hi, what are you looking for?

သတင်း

PDF စစ်ကြောင်း (၉)ခုမှ ရဲဘော်များအားပို့ချခဲ့သည့် လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်း ဆင်းပွဲပြုလုပ်

နယ်မြေခံ စစ်ကြောင်းမှူးမှ မွမ်းမံသင်တန်းဆင်း ရဲဘော်များအား ဂုဏ်ပြုစကားပြောကြားခြင်း၊ စစ်ဒေသခွဲအမှတ်(၃)၏ တပ်ရေးတာဝန်ခံနှင့် တပ်ထောက်တာဝန်ခံတို့မှ မွမ်းမံသင်တန်းတွင် ဆုရရှိသည့် ရဲဘော်များအား ဆုချီးမြှင့်ခြင်း ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

(တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)နှင့် ဒေါနစစ်ကြောင်းတို့ ဦးစီး၍ လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ - ရဲဘော်ဗိုလ်ချုပ်)
(တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)နှင့် ဒေါနစစ်ကြောင်းတို့ ဦးစီး၍ လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ - ရဲဘော်ဗိုလ်ချုပ်)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)နှင့် ဒေါနစစ်ကြောင်းတို့ ဦးစီး၍ လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားအောင်မြင်စွာကျင်းပခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်း (၉)ခုမှ ရဲဘော်များအား သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး ယနေ့ (မတ်လ ၂၁ရက်)တွင် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။ သင်တန်းပြုလုပ်ရာနေရာဒေသသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ၊ ဒူးပလာယာခရိုင်အတွင်း၌ဖြစ်သည်။

(တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)နှင့် ဒေါနစစ်ကြောင်းတို့ ဦးစီး၍ လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ - ရဲဘော်ဗိုလ်ချုပ်)
(တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)နှင့် ဒေါနစစ်ကြောင်းတို့ ဦးစီး၍ လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ – ရဲဘော်ဗိုလ်ချုပ်)

“ယခုလို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)အတွင်းမှာ လက်နက်ကြီးပစ်ခတ်မှုများနှင့် လက်နက်ကြီးနှင့်သက်ဆိုင်သော ခဲယမ်းများကို ကိုင်တွယ်အသုံးပြုမှုများကို မွမ်းမံသင်ကြားခွင့်ရသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းများဟာ ပူးတွဲစစ်ဆင်ရေးဆောင်ရွက်သည့်အခါ စစ်ကောင်စီ၏ ထောက်တိုင်များစွာကို တိတိကျကျ ချေမှုန်းနိုင်ဖို့အတွက် စွမ်းဆောင်ရည်ပိုမိုတိုးမြှင့်ကောင်းမွန်လာသည့်အတွက် တာဝန်ရှိသူများကို ကျေးဇူးအထူးတင်ရှိပါတယ်” ဟု သင်တန်းဆင်းရဲဘော်တစ်ဦးက ပြောကြားခဲ့သည်ဟု ထုတ်ပြန်သည်။

အဆိုပါသင်တန်းတွင် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)အတွင်းရှိ ပြည်သူ့ကာကွယ် ရေးတပ်မတော် PDF စစ်ကြောင်း (၉)ခုမှ ရဲဘော်များအား စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)နှင့် ဒေါနစစ်ကြောင်းတို့ ဦးစီး၍ လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ - ရဲဘော်ဗိုလ်ချုပ်)
(တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)နှင့် ဒေါနစစ်ကြောင်းတို့ ဦးစီး၍ လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ – ရဲဘော်ဗိုလ်ချုပ်)

သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းများမှ ရဲဘော်များသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း၊ အကြမ်းဖက်အာဏာရှင်စနစ်ဆန့်ကျင်ရေးတွင် ကျဆုံးခဲ့သော သူရဲကောင်းများအား ဦးညွှတ်အလေးပြုခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်း ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။

(တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)နှင့် ဒေါနစစ်ကြောင်းတို့ ဦးစီး၍ လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ - ရဲဘော်ဗိုလ်ချုပ်)
(တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)နှင့် ဒေါနစစ်ကြောင်းတို့ ဦးစီး၍ လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ – ရဲဘော်ဗိုလ်ချုပ်)

တပ်မဟာ (၆)ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဝင် ရဲဘော်ဒေဝမှ သင်တန်းဆင်းဂုဏ်ပြုစကားပြောဆိုခဲ့ပြီး တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)အတွင်းရှိ တာဝန်ရှိသူ တစ်ဦးမှလည်း သင်တန်းဆင်း မိန့်ခွန်းပြောကြားခဲ့သည်ဟု ဆိုသည်။

နယ်မြေခံ စစ်ကြောင်းမှူးမှ မွမ်းမံသင်တန်းဆင်း ရဲဘော်များအား ဂုဏ်ပြုစကားပြောကြားခြင်း၊ စစ်ဒေသခွဲအမှတ်(၃)၏ တပ်ရေးတာဝန်ခံနှင့် တပ်ထောက်တာဝန်ခံတို့မှ မွမ်းမံသင်တန်းတွင် ဆုရရှိသည့် ရဲဘော်များအား ဆုချီးမြှင့်ခြင်း ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

(တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)နှင့် ဒေါနစစ်ကြောင်းတို့ ဦးစီး၍ လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ - ရဲဘော်ဗိုလ်ချုပ်)
(တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)နှင့် ဒေါနစစ်ကြောင်းတို့ ဦးစီး၍ လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ – ရဲဘော်ဗိုလ်ချုပ်)

မွမ်းမံသင်တန်းဆင်း ရဲဘော်နှင့် သင်တန်းတာဝန်ခံတို့မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မွမ်းမံသင်တန်းနည်းပြဆရာမှလည်း နိဂုံးချုပ်စကားပြောကြားခဲ့သည်ဟု ဆိုသည်။ နဂါးဖြူစစ်ကြောင်းမှ ရဲဘော်တစ်ဦးက သင်တန်းဆရာများနှင့် ရဲဘော်ရဲဘက်များအတွက် သင်တန်းကာလအတွင်း ၎င်းကိုယ်တိုင်သီကုံးရေးစပ်ထားသော ဂုဏ်ပြုကဗျာအား ရွတ်ဆိုခဲ့သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။