Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းတွင် BGF စခန်း KNLA ပူးပေါင်းစစ်ကြောင်း သိမ်းပိုက်

ဘီးလင်းမြို့နယ်အတွင်းရှိ လယ်ဆော့လော့ BGF တပ်စခန်းကို KNLA၊PDF ပူးပေါင်းစစ်ကြောင်းနှင့်အတူ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF -KDမှ ရဲဘော်များပါဝင်ပူးပေါင်းပြီး ယခုလ ၂၂ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု ဆိုသည်။

(BGFစခန်းအား သိမ်းပိုက်ပြီးနောက် ရရှိသည့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)
(BGFစခန်းအား သိမ်းပိုက်ပြီးနောက် ရရှိသည့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)

▪️BGF ခြောက်ဦးသေ၊ လက်နက်ခဲယမ်းများရရှိ

KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်၊ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီ​၏ လက်ပါးစေ BGF တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး BGF တပ်သား ၆ဦးသေဆုံးကာ သေနတ် ၅လက်ရရှိကြောင်း ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KDက ယနေ့ ထုတ်ပြန်သည်။

ဘီးလင်းမြို့နယ်အတွင်းရှိ လယ်ဆော့လော့ BGF တပ်စခန်းကို KNLA၊PDF ပူးပေါင်းစစ်ကြောင်းနှင့်အတူ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF -KDမှ ရဲဘော်များပါဝင်ပူးပေါင်းပြီး ယခုလ ၂၂ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု ဆိုသည်။

ပူးပေါင်းစစ်ကြောင်းမှ PDF ရဲဘော်တစ်ဦး ဦးခေါင်းထိဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်။

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD အနေဖြင့် သက်ဆိုင်ရာနယ်မြေအလိုက် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ PDF များ LPDF များနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။