Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးပြကွင်းတိုက်ခိုက်ခံရမှု ပြည်သူအချို့ကို ဖမ်းဆီးပြီး တရားခံများဖမ်းမိဟု စစ်တပ်က သတင်းမှားဖြန့်​နေဟု ​နေပြည်​တော်PDF ​ပြော

စစ်ကောင်စီကထုတ်ပြန်ရာတွင် ၇၈ နှစ်မြောက်တပ်မတော်နေ့ ပျော်ပွဲရွှင်ပွဲကျင်းပမည့်နေရာအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန်စီစဥ်ထားသူလေးဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ နေပြည်တော် ပျဥ်းမနားမြို့နယ်အတွင်း ဖမ်းမိခဲ့သည်ဟု ဆိုသည်။

(​နေပြည်​တော်မှ စစ်​ကောင်စီပစ်မှတ်တစ်ခုကို​နေပြည်​တော်PDF ကတာ​ဝေးပစ်လက်နက်ဖြင့်တိုက်ခိုက်​နေစဥ်။ ။ဓါတ်ပုံ-NPT-PDF)
(​နေပြည်​တော်မှ စစ်​ကောင်စီပစ်မှတ်တစ်ခုကို​နေပြည်​တော်PDF ကတာ​ဝေးပစ်လက်နက်ဖြင့်တိုက်ခိုက်​နေစဥ်။ ။ဓါတ်ပုံ-NPT-PDF)

နေပြည်တော်တွင် စစ်ရေးပြအခမ်းအနားပြုလုပ်ရန် ပြင် ဆင်ထားသည့်နေရာအား PDF တပ်ဖွဲ့များ၏ ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခံရပြီးနောက် ပြည်သူအချို့ကို စစ် တပ်က ဖမ်းဆီးကာ တရားခံများဖမ်းဆည်းရမိကြောင်း သတင်းမှားဖြန့်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)NPT PDF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

စစ်ကောင်စီကထုတ်ပြန်ရာတွင် ၇၈ နှစ်မြောက်တပ်မတော်နေ့ ပျော်ပွဲရွှင်ပွဲကျင်းပမည့်နေရာအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန်စီစဥ်ထားသူလေးဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ နေပြည်တော် ပျဥ်းမနားမြို့နယ်အတွင်း ဖမ်းမိခဲ့သည်ဟု ဆိုသည်။

“(အဖမ်စခံရသူများ)ကျွန်တော်တို့အဖွဲ့တွေ မဟုတ်ပါဘူးဗျ။ စစ်ကောင်စီက ဂျင်းထည့်(သတင်းမှားဖြန့်)တာပါ”ဟု NPT PDF မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

ရှော့တိုက်ဒုံးများအသုံးပြု၍ ဖောက်ခွဲရေးလုပ်ဆောင်မည့်သူများဟု စစ်ကောင်စီ၏စွပ်စွဲဖမ်းဆီးခြင်းခံရသူများမှာ ပျဥ်းမနားမြို့နယ် ဇီးဖြူပင်ကျေးရွာနေ အုပ်ချုပ်ရေးမှူးဟောင်း ကိုဟန်ဇော်မင်းနှင့် ၎င်း၏ဇနီး မခင်မျိုးသက်၊ ကိုစိန်လွင်(ခ)မောင်စိန်(ခ)ခရေနှင့် ကိုဝင်းမျိုးထက် (ခ)ဝင်းနိုင်(ခ)ဘီလားဆိုသူတို့ ဖြစ်သည်။

Public Service Announcement

Public Service Announcement

“သေချာတာက PDF ​တွေ အဖမ်းမခံရဘူးလို့​ပြောချင်ပါတယ်။ အနီးအနားကရွာ​တွေက NLD အမာခံ​တွေကိုဖမ်းဆီးတာ​တွေလုပ်​ဆောင်​နေပြီး​ ရှောင်တိမ်းတာ​တွေလုပ်​နေကြရတယ်လို့ သိရပါတယ်”ဟု အဖမ်းခံရသူများနှင့်စပ်လျဥ်းပြီး NPT PDF မှ တာဝန်ရှိသူက ရှင်းပြ သည်။

စစ်ကောင်စီပြုလုပ်မည့် တပ်မတော်နေ့မတိုင်မီ မတ် ၂၆ ရက်ညနေပိုင်းတွင် NPT PDF နှင့် တော်လှန်ရေးတပ် ဖွဲ့တစ်ခုက တပ်စစ်ရေးပြကွင်းပြုလုပ်ရန်ပြင်ဆင်နေသည့်နေရာအပါအဝင် သာဝတ္ထိနှင့် ရေနီကြားမှ စစ်တပ်လေ့ကျင့်ရေး (၅)တပ်ဝန်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုစစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်သည့် တော်လှန် ရေးရဲဘော်များမှာ မည်သူတစ်ဦးတစ်ယောက်မျှ ဖမ်းဆီးခံရခြင်းမရှိဘဲ တိုက်ခိုက်မှုပြုလုပ်သည့် မတ် ၂၆ ရက်နေ့ည ၁၀ နာရီကျော်တွင် လုပ်ငန်းစဥ်အားလုံးပြီးမြောက်ကာ စခန်းသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း NPT PDF က အသိပေးသည်။

စစ်ကောင်စီသည် မြို့နယ်ထွေအုပ်အပါအဝင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များအား သက်ဆိုင်ရာမြို့နယ်များအလိုက် NLD ပါတီဝင်များ၊ CDM များ မိမိတို့ မြို့ နယ်နှင့် ရပ်ကွက်များအတွင်း ရှိမရှိစာရင်းပေးပို့ကြရန် ညွှန်ကြားထားကြောင်း၊ တွေ့ရှိပါက ချက်ချင်းဖမ်းဆီးကြရန် အမိန့်ပေးထားကြောင်း စစ်ကောင်စီအုပ်ချုပ်ရေးအသိုင်းအဝိုင်းထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်အတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။