Connect with us

Hi, what are you looking for?

သတင်း

ကျဆုံးရဲဘော်အတွက်တစ်လပြည့်ဆွမ်းကပ်ခဲ့တဲ့တိုက်နယ်စွန် PDF

ရဲဘော်သန်းကြီးသည် တိုက်နယ်စွန် PDF အဖွဲ့တွင် ပထမဆုံးကြွေလွင့်ခဲ့သူဖြစ်ကြောင်း၊ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး အမျိုးမျိုးရက်စက် အမျိုးမျိုး ယုတ်မာနေသည့် စစ်အဏာရှင်စနစ်ကို လက်မခံသူ၊ ပြည်သူများ လွတ်လပ်အေးချမ်းသည့်ဘဝကို ရစေချင်၍ ဒီမိုကရေစီ ရသည်အထိ တိုက်ပွဲဝင်ရန်ခံယူချက်ဖြင့် အဖွဲ့ထဲသို့ဝင်ရောက်လာသူဖြစ်ကြောင်း တိုက်နယ်စွန် PDF အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

(ကျဆုံးရဲဘော်အတွက် တစ်လပြည့်ဆွမ်းကပ်နေစဥ်။ ဓါတ်ပုံ-တိုက်နယ်စွန် PDF)
(ကျဆုံးရဲဘော်အတွက် တစ်လပြည့်ဆွမ်းကပ်နေစဥ်။ ဓါတ်ပုံ-တိုက်နယ်စွန် PDF)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်အခြေစိုက် တိုက်နယ်စွန်PDFအဖွဲ့က ကျဆုံးခဲ့သော ရဲဘော်၏ တစ်လပြည့်ဆွမ်းကပ်ပွဲအား ယနေ့မတ်လ ၂၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စစ်ကိုင်းခရိုင်အတွင်းတစ်နေရာတွင် မိုင်းဆင်ရင်းကွယ်လွန်ခဲ့သော အသက် ၂၃ နှစ်အရွယ် ရဲဘော်သန်းကြီးအတွက် တစ်လပြည့် ဆွမ်းကပ်ပြီး လှူဒါန်းဖွယ်အစုစုတို့ဖြင့် ကုသိုလ်ယူပြီး အမျှဝေခဲ့ကြောင်း တိုက်နယ်စွန် PDF အဖွဲ့၏ Facebook Page https://www.facebook.com/profile.php?id=100091127832424 စာမျက်နှာတွင် ဖော်ပြထားသည်။

ရဲဘော်သန်းကြီးသည် တိုက်နယ်စွန် PDF အဖွဲ့တွင် ပထမဆုံးကြွေလွင့်ခဲ့သူဖြစ်ကြောင်း၊ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး အမျိုးမျိုးရက်စက် အမျိုးမျိုး ယုတ်မာနေသည့် စစ်အဏာရှင်စနစ်ကို လက်မခံသူ၊ ပြည်သူများ လွတ်လပ်အေးချမ်းသည့်ဘဝကို ရစေချင်၍ ဒီမိုကရေစီ ရသည်အထိ တိုက်ပွဲဝင်ရန်ခံယူချက်ဖြင့် အဖွဲ့ထဲသို့ဝင်ရောက်လာသူဖြစ်ကြောင်း တိုက်နယ်စွန် PDF အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“သူ့တာဝန်ယူထားတဲ့ နေရာမှာ ဘယ်တုန်းကမှ တာဝန်လစ်ဟင်းခဲ့တာ မရှိအောင် တာဝန်ကျေခဲ့သူ၊ ရဲဘော်တိုင်းနဲ့ မတည့်ဘူးဆိုတာ မရှိခဲ့ဘူး စကားများတယ်ဆိုတာ မရှိခဲ့ဘူး။ အမြဲတမ်းပြုံးနေတတ်တဲ့သူ။ သူများကို စနောက်တတ်တဲ့ အကျင့် သူ့မှာ မရှိပေမဲ့သူ့ကို စနောက်ရင်လည်း စိတ်ဆိုးတာမျိုး မရှိဘူး။”ဟု ရဲဘော်သန်းကြီးနှင့်ပတ်သက်၍ တိုက်နယ်စွန် PDF အဖွဲ့၏ တာဝန်ရှိသူက အမှတ်တရစကားပြောကြားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။