မကွေးတိုင်း စလင်းမြို့နယ် ကင်မွန်းချုံကျေးရွာအနီး စစ်ကောင်စီတပ်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုထိခိုက်မှုရှိကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူက ပြောသည်။
“မနက် ၇နာရီလောက်ကနေ ၁၂ နာရီလောက်အထိ တိုက်ပွဲပြင်းထန်တယ်။ တိုက်ပွဲဖြစ်ပြီး ရွာကိုမီးရှို့တယ်။ တစ်ရွာလုံးနီးပါးမီးရှို့ခံထားရတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းတွင် အင်အား၂၀၀ကျော်ရှိပြီး မင်းဘူးခရိုင် အမှတ် (၁)တပ်ရင်း-စလင်း၊ ဆောတပ်ရင်း(၃)၊ ပွင့်ဖြူပကဖ၊ မင်းဘူး(ပကဖ)၊ စေတုတ္တရာ တပ်ရင်း-၃ တို့ပါဝင်သည့် မဟာမိတ်တပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“သူတို့ဘက်က အထိအခိုက်အကျအရှုံးရှိ အရေအတွက်အတိအကျ မရသေး။ကျွန်တော်တို့ဘက်မှ အထိအခိုက်အသေးစားသာရရှိ “ဟု ယင်းတိုက်ပွဲနှင့်ပတ်သက်၍ အထက်ပါဝာာဝန်ရှိသူကပြောသည်။

Public Service Announcement
လက်ရှိတွင် မဟာမိတ်အဖွဲ့များ အနေဖြင့် ခံစစ်အသင့်အနေအထားရှိပြီး စစ်ကောင်စီဘက်ကလည်း အင်အားဖြည့်တင်းမှုများရှိသည်ဟု ဆိုသည်။
စစ်ကောင်စီက ကင်မွန်းချုံရွာကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ယင်းရွာမှဒေသခံ ပြည်သူ ၃၀၀ ကျော်အား မဟာမိတ်တပ်ဖွဲ့များက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေသည်ဟု ၎င်းက ဆိုသည်။
“အဓိက စစ်ဘေးရှောင်များအတွက်ထောက်ပံ့ရေးအကူအညီများလိုအပ်လျှက်ပါခင်ဗျာ။ပုသိမ် မုံရွာလမ်းတလျှောက် ထောက်ပို့လမ်းကြောင်းပိတ်ဆို့ထားပါတယ်ခင်ဗျာ။ကျွန်တော်တို့ Telegram channel ကနေလှူဒါန်းနိုင်ပါတယ်ခင်ဗျာ။” ဟု ယင်းတာဝန်ရှိသူက မေတ္တာရပ်ခံသည်။


















































