Connect with us

Hi, what are you looking for?

News

လယ်ဝေးရှိစစ်ဆေးရေးဂိတ်တိုက်ခိုက်မှု ရဲသုံးဦးထက်မနည်းဒဏ်ရာရဟု နေပြည်တော် PDF ထုတ်ပြန်

အဆိုပါ စစ်ဆေးရေးဂိတ်ကို နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ လျှပ်တပြတ် တိုက်ခိုက်ခဲ့ရာ ပကဖ ဘက်မှ ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

နေပြည်တော် လယ်ဝေးမြို့နယ် အင်ဘုရပ်ကွက်၌ တပ်စွဲထားသော စစ်ဆေးရေးဂိတ်အား စက်တင်ဘာ ၂၀ရက် နံနက် ၁၀နာရီခန့်က တိုက်ခိုက်ခဲ့ရာ ရဲသုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

အဆိုပါ စစ်ဆေးရေးဂိတ်ကို နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ လျှပ်တပြတ် တိုက်ခိုက်ခဲ့ရာ ပကဖ ဘက်မှ ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် မြို့ပြတိုက်ပွဲများ မိမိတို့နှင့် နီးစပ်ရာတွင် ဖြစ်ပေါ်လာပါက မလိုလားအပ်ဘဲ အပြင်ထွက် မကြည့်ရန်နှင့် လုံခြုံသည့်နေရာ၌သာ နေထိုင်ကြရန် နေပြည်တော် PDF က အသိပေးထားသည်။ ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

နေပြည်တော်၊ တပ်ကုန်းမြို့နဲ့ မကွေးတိုင်း မြို့သစ်မြို့က ဒေသခံတွေဆီက WY စိတ်ကြွဆေးပြား ၂၀၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook