Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်မြို့နယ် အိမ်‌ခြေနှစ်ထောင်ခန့်ရှိသောညောင်ပင်သာရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ

ညောင်ပင်သာသာရွာ မီးရှို့ဖျက်ဆီးနေသည့်စစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၁၀၀ခန့်ရှိသည်ဟု သတင်းရရှိသည်။

(ထီးချိုင့်မြို့နယ် လေသာရွာရှိ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များကို ၂၀၂၂ ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Tigyaing Revolution-TR)
(ထီးချိုင့်မြို့နယ် လေသာရွာရှိ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များကို ၂၀၂၂ ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Tigyaing Revolution-TR)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှ အိမ်‌ခြေနှစ်ထောင်ခန့်ရှိသော ညောင်ပင်သာကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း မြို့ခံများက ပြောသည်။

“မနက် ၉ နာရီလောက်မှာ ဝင်ရှို့တာ။ ရွာကလူတွေက မ‌နေ့ကထဲက ထွက်ပြေးခဲ့ကြရတာ။ တိုက်ပွဲမဖြစ်ဘဲနဲ့ဝင်ရှို့တာ”ဟု ထီးချိုင့်မြို့ခံတစ်ဦးက ပြောသည်။

ညောင်ပင်သာရွာသည် ထီးချိုင့်နှင့် တကောင်းမြို့ကြားတွင်တည်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်သည်။

“ရွာအနောက်နဲ့ အရှေ့ဘက်ကနေပတ်ရှို့နေတာ။ ရွာထဲကို ဝင်မရတော့ အခုဘယ်လောက်တောင်လောင်နေလဲဆိုတာ မသိရဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ညောင်ပင်သာသာရွာ မီးရှို့ဖျက်ဆီးနေသည့်စစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၁၀၀ခန့်ရှိသည်ဟု သတင်းရရှိသည်။

ထီးချိုင့်မြို့မှထွက်လာသော ကျောက်စိမ်းများတင်ဆောင်လာသည့် (၄၃)စီးပါ စစ်ကောင်စီ ယာဉ်တန်းကို တကောင်းတိုက်နယ် ရွာလယ်ချောင်းတံတားအနီးနှင့်မိုးကောင်းဦးဝင်ပေါက်အနီးတွင် မတ်လ ၂၉ရက်နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် အရပ်သားနေအိမ်များကို အညိုးတကြီးဖျက်ဆီးနေခြင်းဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။