Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့နယ် အိမ်‌ခြေနှစ်ထောင်ခန့်ရှိသောညောင်ပင်သာရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ

ညောင်ပင်သာသာရွာ မီးရှို့ဖျက်ဆီးနေသည့်စစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၁၀၀ခန့်ရှိသည်ဟု သတင်းရရှိသည်။

(ထီးချိုင့်မြို့နယ် လေသာရွာရှိ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များကို ၂၀၂၂ ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Tigyaing Revolution-TR)
(ထီးချိုင့်မြို့နယ် လေသာရွာရှိ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များကို ၂၀၂၂ ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Tigyaing Revolution-TR)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှ အိမ်‌ခြေနှစ်ထောင်ခန့်ရှိသော ညောင်ပင်သာကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း မြို့ခံများက ပြောသည်။

“မနက် ၉ နာရီလောက်မှာ ဝင်ရှို့တာ။ ရွာကလူတွေက မ‌နေ့ကထဲက ထွက်ပြေးခဲ့ကြရတာ။ တိုက်ပွဲမဖြစ်ဘဲနဲ့ဝင်ရှို့တာ”ဟု ထီးချိုင့်မြို့ခံတစ်ဦးက ပြောသည်။

ညောင်ပင်သာရွာသည် ထီးချိုင့်နှင့် တကောင်းမြို့ကြားတွင်တည်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်သည်။

“ရွာအနောက်နဲ့ အရှေ့ဘက်ကနေပတ်ရှို့နေတာ။ ရွာထဲကို ဝင်မရတော့ အခုဘယ်လောက်တောင်လောင်နေလဲဆိုတာ မသိရဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ညောင်ပင်သာသာရွာ မီးရှို့ဖျက်ဆီးနေသည့်စစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၁၀၀ခန့်ရှိသည်ဟု သတင်းရရှိသည်။

ထီးချိုင့်မြို့မှထွက်လာသော ကျောက်စိမ်းများတင်ဆောင်လာသည့် (၄၃)စီးပါ စစ်ကောင်စီ ယာဉ်တန်းကို တကောင်းတိုက်နယ် ရွာလယ်ချောင်းတံတားအနီးနှင့်မိုးကောင်းဦးဝင်ပေါက်အနီးတွင် မတ်လ ၂၉ရက်နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် အရပ်သားနေအိမ်များကို အညိုးတကြီးဖျက်ဆီးနေခြင်းဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။