Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုတွင် စစ်ဆေးရေးဂိတ်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေ

ယမန်နေ့ (ဧပြီ၂ ရက်) ညနေ ၃နာရီခန့်က ရွှေဘိုမြို့၊ တက္ကသိုလ်ဂိတ်ပေါက်တွင် အထိုင်ချတပ်စွဲကာ လမ်းသွားလမ်းလာပြည်သူများအား ငွေတောင်းခံနေသော စစ်ကောင်စီတပ်အား ဒေသတွင်း PDFအဖွဲ့များ ပူးပေါင်းကာ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ရန်ကုန်မြို့ ဗဟိုဘဏ်အဆောက်အအုံရှေ့မှာရပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - အေအက်ပီ)
(ရန်ကုန်မြို့ ဗဟိုဘဏ်အဆောက်အအုံရှေ့မှာရပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - အေအက်ပီ)

▪️PDF ရဲဘော် နှစ်ဦးကျဆုံးခဲ့ရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တက္ကသိုလ်ရှေ့၌ စစ်ဆေးငွေတောင်းခံနေသော စစ်ကောင်စီတပ်ဂိတ်အား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ခြောက်ဦးသေဆုံးပြီး PDF ရဲဘော် နှစ်ဦးကျဆုံးခဲ့ရကြောင်း BurmaRangers (ShweBo) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်အေဓီက ပြောသည်။

ယမန်နေ့ (ဧပြီ၂ ရက်) ညနေ ၃နာရီခန့်က ရွှေဘိုမြို့၊ တက္ကသိုလ်ဂိတ်ပေါက်တွင် အထိုင်ချတပ်စွဲကာ လမ်းသွားလမ်းလာပြည်သူများအား ငွေတောင်းခံနေသော စစ်ကောင်စီတပ်အား ဒေသတွင်း PDFအဖွဲ့များ ပူးပေါင်းကာ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အပြန်အလှန်ပစ်ခတ်ခဲ့ကြရာ စစ်ကောင်စီတပ်သား ခြောက်ဦး ပွဲချင်းပြီးသေဆုံးပြီး ရဲဘော်များပြန်လည်ဆုတ်ခွာချိန်တွင် တက္ကသိုလ်အတွင်းမှ စစ်ကောင်စီတပ်က ပြန်လည် ပစ်ခတ်မှုကြောင့် ရဲဘော် နှစ်ဦးကျဆုံးခဲ့ကြောင်း ဗိုလ်အေဓီက ပြောသည်။

Public Service Announcement
Public Service Announcement

“ဂိတ်တည့်တည့်မှာ တစ်စီး။ မြို့ထဲကနေအထွက်ဂိတ်မှာရပ်ပစ်တာပါ။ အဲကထွက်လာလို့ရအောင် နောက်တစ်စီးက ဂိတ်အရှေ့အကျော်ကနေကာပစ်ပေးတာပါ။ ပစ်တာက နှစ်စီးစလုံးပစ်ပါတယ်။ ဂိတ်အကျော်ကနေ ကာပစ်ပေးတဲ့ကားပေါ်က ရဲဘော် နှစ်ဦးကျတာပါ။ ကားပေါ်ရောက်ပြီး မောင်းထွက်လာပြီးမှကျတာပါ။”ဟု ဗိုလ်အေဓီက ပြောသည်။

Public Service Announcement

Public Service Announcement

ကျဆုံးရဲဘော်နှစ်ဦးအား Burma Rangers (ShweBo)နှင့် မဟာမိတ်အဖွဲ့များက ယနေ့ မွန်းတည့် ၁၂ နာရီတွင် ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့သည်ဟု ဆိုသည်။

“ရဲဘော်တွေကျဆုံးရတာ မတန်ဘူးဗျ။ သူတို့ တစ်ရာကျရင်တောင် ကျုပ်တို့ရဲဘော်တစ်ယောက်နဲ့ မလဲနိုင်ဘူး။”ဟု ဗိုလ်အေဓီက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို BurmaRangers (ShweBo)နှင့် မဟာမိတ်အဖွဲ့များဖြစ်ကြသော ရွှေတောသား Local ပျောက်ကျားတပ်ဖွဲ့၊ ShweBo Dhuwun (PLA)၊ X-Force LPDF ShweBo၊ People’s Revolution Front (ပြည်သူ့တော်လှန်ရေးတပ်ဦး) အဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း ရွှေဘိုမြို့အဝင်မုခ်ဦးအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDFအဖွဲ့ကဝင်ပစ်ရာ ဘီးခွန်ကောက်နေသည့်စစ်ကောင်စီလက်အောက်ခံအချို့ ထိခိုက်မှုရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။