Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ် သိန်းခွန်ရွာအနီးတိုက်ပွဲစစ်တပ်အထိနာ၍ တိုက်ပွဲများပြင်းထန်လာနိုင်သဖြင့် ပြည်သူများသတိရှိရန် PDF သတိ​ပေး

လတ်တလောတွင် မြိတ်မြို့နယ်၊ကြေးနန်းတိုင် တံတားမှစ၍ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအထိပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနှင့် ထုံခါ- မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်း သွားလာခြင်းကိုဧပြီလ ၃ရက်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တားမြစ်ထားသည်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်)၊တပ်ရင်း ၂ မှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PDFမြိတ်ခရိုင်)
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်)၊တပ်ရင်း ၂ မှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PDFမြိတ်ခရိုင်)

တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာအနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်းသေဆုံးခဲ့ပြီး​နောက် ဒေသတွင်း တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်သောကြောင့် ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ကြရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်)၊တပ်ရင်း-၂သတင်းနှင့်ပြန်ကြားရေးမှတာဝန်ရှိသူက​ပြောသည်။

သိန်ခွန်းရွာအနီးတွင် ဧပြီလ ၂ရက် နံနက် ၁၁ နာရီခန့်မှ ၁၁နာရီ ၄၅ မိနစ်ခန့်အထိ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း-၂ တပ်ခွဲ(၁)၊ မဟာမိတ်ပူးပေါင်းအဖွဲ့နှင့် KTLAပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာစစ်သားဆယ်ဦးခန့် သေဆုံးခဲ့​ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်)၊တပ်ရင်း-၂ သတင်းနှင့်ပြန်ကြား​ရေးကထုတ်ပြန်သည်။

တိုက်ပွဲတွင် ပြည်သူ့ကောင်ကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

ထို့​ကြောင့်တနင်္သာရီမြို့နယ်အတွင်း စစ်​ရေးတင်းမာ​နေသဖြင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြပါရန်နှင့် စစ်ရေးအရှိန်မြင့်မားလာနိုင်သည့် အတွက်ကြောင့် မိဘပြည်သူများ၏ လုံခြုံရေးကိုရှေးရှု၍ မေတ္တာရပ်ခံ​ကြောင်းလည်းအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒေသတွင်း တိုက်ပွဲများဖြစ်ပွား​နေ၍ ပြည်​ထောင်စုလမ်းမကို အသုံးမပြုရန် ဧပြီ ၁ ရက်ကတားမြစ်ထား​​သော်လည်း ဧပြီ ၁ ရက်ညတွင်ပင် ဖြတ်သန်းသွားလာ​သောခရီးသည်တင်ကားတစီးကို မှားယွင်းပစ်ခတ်မိခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။တနင်္သာရီမြို့နယ်၊လယ်တောင်ရွာနှင့် တမုန်ချုံရွာကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ‌ ဖြတ်သန်းခွင့်ပိတ်ထားချိန် မောင်းနှင်လာသည့် ခရီးသည်တင်ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရပ်တန့်ရန်သတိပေးပစ်ခတ်စဉ် မောင်းပြေး၍ ပစ်ခတ်ရာခရီးသည် နှစ်ဦး​သေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့သည်။စစ်ကောင်စီတပ်ဖွဲ့က ခရီးသည်အသွင်ယူလာသည်ဟုထင်ကာ ပစ်ခတ်မိခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်)၊တပ်ရင်း-၂က ထုတ်ပြန်ထားသည်။ယင်းအတွက် အနူးအညွန့်တောင်းပန်ကြောင်းနှင့် ပြည်သူလူထုလုံခြုံရေးအရ သတိပေးမှုများကို တိတိကျကျလိုက်နာကြရန် မေတ္တာရပ်ခံထားသည်။

မြိတ်ခရိုင်တပ်ရင်း (၁)ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက ” သတိပေးချက်တွေ၊ စစ်ရေးသတင်းတွေကို နားထောင်ပြီးမှ သွားသင့်မှသွားစေချင်တယ်”ဟု​ပြောသည်။

၎င်းကဆက်လက်၍လည်း” စစ်ကောင်စီက ခရီးသည်တင်ကားတွေ အသုံးချတာ အများကြီးပဲ။ သူတို့ကိုယ်၌က ယူနီဖောင်းနဲ့သွားလို့မရတဲ့ခရီးစဉ်‌တွေ ဆိုလို့ရှိရင် ခရီးသည်တင်ကားတွေမှာ အရပ်သယောင်ဆောင်လိုက်တယ်” ဟုပြောသည်။

လတ်တလောတွင် မြိတ်မြို့နယ်၊ကြေးနန်းတိုင် တံတားမှစ၍ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအထိပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနှင့် ထုံခါ- မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်း သွားလာခြင်းကိုဧပြီလ ၃ရက်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တားမြစ်ထားသည်။

အများပြည်သူများထိခိုက်နစ်နာမှုမရှိစေရန် ထုတ်ပြန်ခြင်းဖြစ်ပြီး အလေးထားလိုက်နာကြရန်နှင့် တော်လှန်ရေး အဖွဲ့အစည်းများမှ ပြန်လည်မရုတ်သိမ်းမီအချိန်အထိ အတည်ဖြစ်သည်ဟုပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်)တပ်ရင်း-၂က ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် ခရီးသွားဟန်ဆောင်ကာ လိုက်ပါလာနိုင်သောကြောင့် တနင်္သာရီတိုင်းအတွင်း ရေး-ထားဝယ်-ဘိတ်-ကော့သောင်း နှင့် မောတောင် လမ်းတလျှောက် ခရီးသည်တင်ကားများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ဆေးသွားမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ပေးရန် မြိတ်ခရိုင် တပ်ရင်း (၁)၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။