Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တနင်္သာရီမြို့နယ် သိန်းခွန်ရွာအနီးတိုက်ပွဲစစ်တပ်အထိနာ၍ တိုက်ပွဲများပြင်းထန်လာနိုင်သဖြင့် ပြည်သူများသတိရှိရန် PDF သတိ​ပေး

လတ်တလောတွင် မြိတ်မြို့နယ်၊ကြေးနန်းတိုင် တံတားမှစ၍ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအထိပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနှင့် ထုံခါ- မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်း သွားလာခြင်းကိုဧပြီလ ၃ရက်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တားမြစ်ထားသည်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်)၊တပ်ရင်း ၂ မှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PDFမြိတ်ခရိုင်)
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်)၊တပ်ရင်း ၂ မှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PDFမြိတ်ခရိုင်)

တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာအနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်းသေဆုံးခဲ့ပြီး​နောက် ဒေသတွင်း တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်သောကြောင့် ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ကြရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်)၊တပ်ရင်း-၂သတင်းနှင့်ပြန်ကြားရေးမှတာဝန်ရှိသူက​ပြောသည်။

သိန်ခွန်းရွာအနီးတွင် ဧပြီလ ၂ရက် နံနက် ၁၁ နာရီခန့်မှ ၁၁နာရီ ၄၅ မိနစ်ခန့်အထိ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း-၂ တပ်ခွဲ(၁)၊ မဟာမိတ်ပူးပေါင်းအဖွဲ့နှင့် KTLAပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာစစ်သားဆယ်ဦးခန့် သေဆုံးခဲ့​ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်)၊တပ်ရင်း-၂ သတင်းနှင့်ပြန်ကြား​ရေးကထုတ်ပြန်သည်။

တိုက်ပွဲတွင် ပြည်သူ့ကောင်ကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

ထို့​ကြောင့်တနင်္သာရီမြို့နယ်အတွင်း စစ်​ရေးတင်းမာ​နေသဖြင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြပါရန်နှင့် စစ်ရေးအရှိန်မြင့်မားလာနိုင်သည့် အတွက်ကြောင့် မိဘပြည်သူများ၏ လုံခြုံရေးကိုရှေးရှု၍ မေတ္တာရပ်ခံ​ကြောင်းလည်းအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒေသတွင်း တိုက်ပွဲများဖြစ်ပွား​နေ၍ ပြည်​ထောင်စုလမ်းမကို အသုံးမပြုရန် ဧပြီ ၁ ရက်ကတားမြစ်ထား​​သော်လည်း ဧပြီ ၁ ရက်ညတွင်ပင် ဖြတ်သန်းသွားလာ​သောခရီးသည်တင်ကားတစီးကို မှားယွင်းပစ်ခတ်မိခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။တနင်္သာရီမြို့နယ်၊လယ်တောင်ရွာနှင့် တမုန်ချုံရွာကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ‌ ဖြတ်သန်းခွင့်ပိတ်ထားချိန် မောင်းနှင်လာသည့် ခရီးသည်တင်ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရပ်တန့်ရန်သတိပေးပစ်ခတ်စဉ် မောင်းပြေး၍ ပစ်ခတ်ရာခရီးသည် နှစ်ဦး​သေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့သည်။စစ်ကောင်စီတပ်ဖွဲ့က ခရီးသည်အသွင်ယူလာသည်ဟုထင်ကာ ပစ်ခတ်မိခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်)၊တပ်ရင်း-၂က ထုတ်ပြန်ထားသည်။ယင်းအတွက် အနူးအညွန့်တောင်းပန်ကြောင်းနှင့် ပြည်သူလူထုလုံခြုံရေးအရ သတိပေးမှုများကို တိတိကျကျလိုက်နာကြရန် မေတ္တာရပ်ခံထားသည်။

မြိတ်ခရိုင်တပ်ရင်း (၁)ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက ” သတိပေးချက်တွေ၊ စစ်ရေးသတင်းတွေကို နားထောင်ပြီးမှ သွားသင့်မှသွားစေချင်တယ်”ဟု​ပြောသည်။

၎င်းကဆက်လက်၍လည်း” စစ်ကောင်စီက ခရီးသည်တင်ကားတွေ အသုံးချတာ အများကြီးပဲ။ သူတို့ကိုယ်၌က ယူနီဖောင်းနဲ့သွားလို့မရတဲ့ခရီးစဉ်‌တွေ ဆိုလို့ရှိရင် ခရီးသည်တင်ကားတွေမှာ အရပ်သယောင်ဆောင်လိုက်တယ်” ဟုပြောသည်။

လတ်တလောတွင် မြိတ်မြို့နယ်၊ကြေးနန်းတိုင် တံတားမှစ၍ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအထိပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနှင့် ထုံခါ- မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်း သွားလာခြင်းကိုဧပြီလ ၃ရက်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တားမြစ်ထားသည်။

အများပြည်သူများထိခိုက်နစ်နာမှုမရှိစေရန် ထုတ်ပြန်ခြင်းဖြစ်ပြီး အလေးထားလိုက်နာကြရန်နှင့် တော်လှန်ရေး အဖွဲ့အစည်းများမှ ပြန်လည်မရုတ်သိမ်းမီအချိန်အထိ အတည်ဖြစ်သည်ဟုပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်)တပ်ရင်း-၂က ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် ခရီးသွားဟန်ဆောင်ကာ လိုက်ပါလာနိုင်သောကြောင့် တနင်္သာရီတိုင်းအတွင်း ရေး-ထားဝယ်-ဘိတ်-ကော့သောင်း နှင့် မောတောင် လမ်းတလျှောက် ခရီးသည်တင်ကားများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ဆေးသွားမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ပေးရန် မြိတ်ခရိုင် တပ်ရင်း (၁)၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။