Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် ဈေးဝယ်ပြန်လာသည့် စစ်အုပ်စုတိုက်ခိုက်ရာ နှစ်ဦးဒဏ်ရာရ၊ ဆိုင်ကယ်များထား ထွက်ပြေး

စစ်အုပ်စုက လက်နက်ငယ်များဖြင့် ပြန်ပစ်ခဲ့ပြီး ကြွယ်ပုံရွာ အထိုင်ချတပ်စခန်းမှလည်း လက်နက်ကြီး နှစ်ချက်ပစ်ကူခဲ့ကြောင်း သိရသည်။

(ဈေးဝယ်ပြန်လာသည့် စစ်အုပ်စုအား ဒရုန်းဖြင့် တိုက်ခိုက်နေစဉ်)
(ဈေးဝယ်ပြန်လာသည့် စစ်အုပ်စုအား ဒရုန်းဖြင့် တိုက်ခိုက်နေစဉ်)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှ ဈေးဝယ် ပြန်လာသော ကြွယ်ပုံကျေးရွာမှ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦး ဒဏ်ရာရရှိပြီး ဆိုင်ကယ် လေးစီးထား၍ ထွက်ပြေးသွားကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ်လ ၃၁ ရက် ညနေ ၅နာရီခန့်က အင်အား ၅၀ ခန့်ဖြင့် စစ်ကိုင်းမြို့ပေါ်ဈေးမှ ရိက္ခာများဝယ်ပြီး ကား၊ ဆိုင်ကယ်၊ ဘေးတွဲဆိုင်များဖြင့် ကြွယ်ပုံကျေးရွာသို့ ပြန်လာသော စစ်သားနှင့်ပျူများကို ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးချပြီး (၄၀) မမဖြင့် တစ်ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“တခြားအဖွဲ့တွေက မိုင်းဆွဲတာတွေလဲရှိတယ်။ တစ်ချို့တဝက်က မိုင်းဆွဲခံရပြီး လမ်းမှာ ကျန်ခဲ့တာ။ ဒရုန်း နဲ့ ဗုံးကျဲတော့ ဆိုင်ကယ် လေးစီးကို ပစ်ထားခဲ့ပြီးထွက်ပြေးသွားတယ်။ နောက်တနေ့ကျမှလာယူတာ။ ဒရုန်းနဲ့ ၁၀ လုံးချတယ်။ နှစ်လုံးကမကွဲဘူး။ စစ်သားတွေက ကြောက်တော့ အသွားတုန်းက မနက်အစောကြီးခိုးသွားတာ”ဟု အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်အုပ်စုက လက်နက်ငယ်များဖြင့် ပြန်ပစ်ခဲ့ပြီး ကြွယ်ပုံရွာ အထိုင်ချတပ်စခန်းမှလည်း လက်နက်ကြီး နှစ်ချက်ပစ်ကူခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို Thunder Bird LDF၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Phoenix SSG ၊ Fight For Federal ၊ စစ်ကိုင်းမြို့ နယ် ပကဖ၊ စစ်ကိုင်းခရိုင်တပ်ရင်း (၇)တပ်ခွဲ (၄)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကြွယ်ပုံရွာသည် စစ်ကောင်စီတပ်၏ လက်နက်တပ်ဆင်ပေးခြင်းခံရသော ပျူရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်နှင့်ပေါင်းကာ စစ်ကိုင်းနှင့် မြင်းမူနယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့ခြင်း၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။