Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ်တွင် မိုင်းရှင်းလာသည့် စစ်အုပ်စု မိုင်းထိ၍ ပျူ လေးဦးသေဆုံး၊ ပျူခေါင်းဆောင်လည်း ဒဏ်ရာရ

တည်သီးတော၊ ဇီးဖြူကုန်း၊ ညောင်ကိုင်း အစရှိသည့်ကျေးရွာများသည် ပျူအားကောင်းရာရွာများဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည်။

(မဟာမိတ်ညီနောင်များက အဝေးထိန်းမိုင်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆင်နေစဉ်)
(မဟာမိတ်ညီနောင်များက အဝေးထိန်းမိုင်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆင်နေစဉ်)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ပျူစောထီးရွာဖြစ်သော တည်သီးတောနှင့် ဇီးဖြူကုန်းကျေးရွာ ကြားတွင် စစ်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်ရာ ပျူ လေးဦးသေဆုံးပြီး ခေါင်းဆောင်ဖြစ်သူလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း DOG KILLER Shwebo LPDF အဖွဲ့က ပြောသည်။

ဧပြီ ၅ ရက် နံနက် ၈နာရီခန့်က ရွှေဘိုမြိုနယ်၊ တည်သီးတောပျူကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် မောင်ဆန်းအဖွဲ့နှင့် ဇီးဖြူကုန်း‌ကျေးရွာရှိ စစ်ကောင်စီတပ်သည် ၎င်းတို့၏ ရွာနှစ်ရွာကြား မိုင်းရှင်းရန် ထွက်လာစဉ် လမ်းပိုင်းတစ်‌နေရာအရောက်တွင် ပဒေသာမိုင်းဖြင့် သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း DOG KILLER Shwebo LPDF အဖွဲ့က ပြောသည်။

ထိုသို့တိုက်ခိုက်မှုတွင် ပျူ လေးဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း၊ တည်သီးတော ပျူခေါင်းဆောင် မောင်ဆန်းနှင့် သက်ဇော်ဦးတို့ အပြင်းထန် ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရကြောင်း DOG KILLER Shwebo LPDF အဖွဲ့က ဆိုသည်။

“တည်သီးတောနားက ရွာ ၅ ရွာလောက်က PDF တွေက ညောင်ကိုင်းနဲ့ တည်သီးတောက စကစ စခန်းတွေကို မကြာခဏ ဒရုန်းနဲ့လာလာချတယ်။ ဒီပဲယင်းနယ်ဘက်က PDF တွေနဲ့လည်း အချိတ်အဆက်ရှိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို DOG KILLER – SHWEBO(LPDF)၊ ​ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)၊ ဗိုလ်ဂျပန်ကြီး(😭.T)- SHWEBO (LPDF) ၊ တောင်သူကြီးများ- LDF၊ ဖား‌ရွှေ‌ကျော် – ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မတစ်ထောင်( တစ်ကောင်ဘွား ) – ဒီပဲယင်းနှင့် ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်အင်အားစုများက တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

တည်သီးတော၊ ဇီးဖြူကုန်း၊ ညောင်ကိုင်း အစရှိသည့်ကျေးရွာများသည် ပျူအားကောင်းရာရွာများဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

Facebook