Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုနယ်တွင် မိုင်းရှင်းလာသည့် စစ်အုပ်စု မိုင်းထိ၍ ပျူ လေးဦးသေဆုံး၊ ပျူခေါင်းဆောင်လည်း ဒဏ်ရာရ

တည်သီးတော၊ ဇီးဖြူကုန်း၊ ညောင်ကိုင်း အစရှိသည့်ကျေးရွာများသည် ပျူအားကောင်းရာရွာများဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည်။

(မဟာမိတ်ညီနောင်များက အဝေးထိန်းမိုင်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆင်နေစဉ်)
(မဟာမိတ်ညီနောင်များက အဝေးထိန်းမိုင်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆင်နေစဉ်)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ပျူစောထီးရွာဖြစ်သော တည်သီးတောနှင့် ဇီးဖြူကုန်းကျေးရွာ ကြားတွင် စစ်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်ရာ ပျူ လေးဦးသေဆုံးပြီး ခေါင်းဆောင်ဖြစ်သူလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း DOG KILLER Shwebo LPDF အဖွဲ့က ပြောသည်။

ဧပြီ ၅ ရက် နံနက် ၈နာရီခန့်က ရွှေဘိုမြိုနယ်၊ တည်သီးတောပျူကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် မောင်ဆန်းအဖွဲ့နှင့် ဇီးဖြူကုန်း‌ကျေးရွာရှိ စစ်ကောင်စီတပ်သည် ၎င်းတို့၏ ရွာနှစ်ရွာကြား မိုင်းရှင်းရန် ထွက်လာစဉ် လမ်းပိုင်းတစ်‌နေရာအရောက်တွင် ပဒေသာမိုင်းဖြင့် သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း DOG KILLER Shwebo LPDF အဖွဲ့က ပြောသည်။

ထိုသို့တိုက်ခိုက်မှုတွင် ပျူ လေးဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း၊ တည်သီးတော ပျူခေါင်းဆောင် မောင်ဆန်းနှင့် သက်ဇော်ဦးတို့ အပြင်းထန် ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရကြောင်း DOG KILLER Shwebo LPDF အဖွဲ့က ဆိုသည်။

“တည်သီးတောနားက ရွာ ၅ ရွာလောက်က PDF တွေက ညောင်ကိုင်းနဲ့ တည်သီးတောက စကစ စခန်းတွေကို မကြာခဏ ဒရုန်းနဲ့လာလာချတယ်။ ဒီပဲယင်းနယ်ဘက်က PDF တွေနဲ့လည်း အချိတ်အဆက်ရှိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို DOG KILLER – SHWEBO(LPDF)၊ ​ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)၊ ဗိုလ်ဂျပန်ကြီး(😭.T)- SHWEBO (LPDF) ၊ တောင်သူကြီးများ- LDF၊ ဖား‌ရွှေ‌ကျော် – ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မတစ်ထောင်( တစ်ကောင်ဘွား ) – ဒီပဲယင်းနှင့် ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်အင်အားစုများက တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

တည်သီးတော၊ ဇီးဖြူကုန်း၊ ညောင်ကိုင်း အစရှိသည့်ကျေးရွာများသည် ပျူအားကောင်းရာရွာများဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။