Connect with us

Hi, what are you looking for?

သတင်း

အရာတော်နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးသေဟုဆို

Danger Force LPDF အဖွဲ့သည် ဧပြီ ၁၀ရက် ညနေပိုင်းကလည်း အရာတော်မြို့အနောက်ဘက်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား (၄၀) မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်ထားသည်။

သစ်ကျင်းကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား တွေ့ရစဥ်။ ဓာတ်ပုံ-Water Melon
သစ်ကျင်းကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား တွေ့ရစဥ်။ ဓာတ်ပုံ-Water Melon

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် အမတ(၃၆၉) တပ် ပြန်လာသော စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးသေဆုံးကြောင်း Danger Force LPDF၏ မိုင်းတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဧပြီ ၁၄ ရက်) နံနက် ၇နာရီခန့်က အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာအနီး အမတ(၃၆၉)တပ်သို့ ပြန်လာသော ခြေလျင် အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်ကို ခမြင့်လမ်းခွဲအနီးတွင် ပ​ဒေသာမိုင်း (၃)လုံး တူမီးရှေ့ထွက်ကြီး (၂)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF၏ မိုင်းတာဝန်ခံ ကိုသူသူက ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း စောင့်ကြည့်ကင်းထောက်များက ဆိုသည်။

“လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်လောက်က အရာတော် လေ့ကျင့်ရေးတပ်ကနေ အရာတော်-မုံရွာလမ်းပေါ်ကို မိုင်းရှင်းလင်းရေးထွက်တဲ့ တပ်ဖွဲ့ဗျ။ သစ်ကျင်းကြီးနဲ့ ၃၆၉ ကို ကျွန်တော်တို့အဖွဲ့တွေ ဝင်စီးတုန်းက မပြန်နိုင်သေးတဲ့အဖွဲ့တွေက မနေ့ကမနက်ခင်းမှာ ပြန်ထွက်လာတာ။ သစ်ကျင်းကြီးကနေ ၃၆၉ကို ပြန်တဲ့အဖွဲ့ပါ။ သူတို့ပြန်တဲ့လမ်းကြောင်းကို ကျွန်တော်တို့က နောက်ကနေလိုက်ပြီး မိုင်းခွဲတာပါ။”ဟု Danger Force LPDF၏ မိုင်းတာဝန်ခံ ကိုသူသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement
Public Service Announcement

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်သားများ​၏ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အနီးနားရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ထို့အပြင် စစ်အုပ်စုဝင်များ၏ ထိခိုက်သေဆုံးသူများအား အရာတော်မြို့မှ စစ်ကားအလွတ် (၂) စီးဖြင့် လာတင်သွားကြောင်း၊ ထိုစစ်ဆင်ရေးကို Danger Force LPDFနှင့် ကြယ်နီတပ်ဦးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Danger Force LPDF အဖွဲ့သည် ဧပြီ ၁၀ရက် ညနေပိုင်းကလည်း အရာတော်မြို့အနောက်ဘက်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား (၄၀) မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။