Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ် စစ်ကြောင်းဝင်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိ

ယမန်နေ့ (ဧပြီ ၁၈ရက်) နံနက် ၆နာရီခန့်က ရေဦးမှ ထွက်လာသော အင်အား ၉၀ဝန်းကျင်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ပျူစောထီးများနှင့် ပူးပေါင်းကာ စစ်ကြောင်းထိုးလာခဲ့သည်။

စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရန် စောင့်ဆိုင်းနေသော ခင်ဦးအခြေစိုက် PDF ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Kurdaf

▪️စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ဒေသခံ သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မကျီးအုပ်ကျေးရွာသို့ စစ်ကြောင်း သုံးကြောင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ၇ ဦး သေဆုံးကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေးမဟာမိတ်အင်အားစု – KURDAF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဧပြီ ၁၈ရက်) နံနက် ၆နာရီခန့်က ရေဦးမှ ထွက်လာသော အင်အား ၉၀ဝန်းကျင်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ပျူစောထီးများနှင့် ပူးပေါင်းကာ စစ်ကြောင်းထိုးလာခဲ့သည်။

ထို့နောက် မကျီးအုပ်ကျေးရွာဘက်သို့စစ်ကြောင်းသုံးကြောင်းခွဲဖြန့်၍ လက်နက်ကြီး၊ လက်နက်ငယ်၊ စက်ကလေးများဖြင့် တရစပ်ပစ်ခတ် ဝင်ရောက်လာခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းကို အသင့်စောင့်ဆိုင်းနေခဲ့ပြီး မိုင်းပဒေသာ (၄)တွဲ၊ မိုင်း ၁၆ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး PLA ရဲဘော်များနှင့် အပြန်အလှန် ၅ မိနစ်ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်သားများ အများအပြား ဒဏ်ရာရရှိကာ သုံးဦးလဲကျသွားသည်ကို ရဲဘော်များက မျက်မြင်တွေ့ ရှိခဲဲ့ကြောင်း KURDAF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရန် စောင့်ဆိုင်းနေသော ခင်ဦးအခြေစိုက် PDF ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Kurdaf
စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရန် စောင့်ဆိုင်းနေသော ခင်ဦးအခြေစိုက် PDF ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Kurdaf

“အဝေးကလာတဲ့ စစ်ကြောင်း မဟုတ်ပါဘူး။ ရေဦးရယ်၊ ရွာသစ်ကုန်းရယ်၊ မူးတိမ်ချောင်းရယ် ပေါင်းပြီးလာတာပါ။ သုံးကောင်လဲကျ သွားတာတော့ မျက်မြင်ပါ။ တိုက်ပွဲပြီးမှအဆက်အစပ်နဲ့ စုံစမ်းကြည့်တော့ ၇ ကောင်သေ။ ၅ ကောင်ဒဏ်ရာရတယ်လို့ ပြန်သိရတယ်။ ခုတော့ သက်ဆိုင်ရာ ၀ပ်ကျင်းဆီ ပြန်သွားတယ်”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရန် စောင့်ဆိုင်းနေသော ခင်ဦးအခြေစိုက် PDF ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Kurdaf
စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရန် စောင့်ဆိုင်းနေသော ခင်ဦးအခြေစိုက် PDF ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Kurdaf

ယင်းစစ်ဆင်ရေးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – Kurdaf ညီနောင်များဖြစ်ကြသော TIGER – Local People Defence Force Khin U၊ ဒေါင်းနီ LDF၊ ဒို့ညီနောင် LDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါ စစ်ကြောင်းသည် ယမန်နေ့က ခင်ဦးနယ်၊ ပျဥ်ထောင်ပျူစောထီးရွာရှိ စပါးများကို ရေဦးမြို့မှ ကား လေးစီးဖြင့် လာရောက်သယ်ယူခဲ့ကြောင်း၊ ရေဦး-ခင်ဦးလမ်းအတိုင်း ကင်းပုန်းဝပ်၍ လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူ သုံးထောင်ကျော် မှာ နှစ်ရက်ဆက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook