ကရင်အမျိုသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ် ဝေါမာကျေးရွာအနီး၌ ယနေ့ တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ ခမရ(၄၃၂) တပ်ရင်းက အင်အား ၇၀ခန့်ဖြင့် ဝင်ရောက်လာ၍ KNU တပ်မဟာ(၆) တပ်ဖွဲ့ဝင်များနှင့် စက်တင်ဘာ ၂၂ရက် နံနက် ၁၁နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က ဒေသတွင်းရှိ ဘုရားငုတ္တိုကျေးရွာသို့ အခြေချလိုကြောင်း အဆိုပြုလာသည်အပေါ် KNU တပ်မဟာ(၆)က လက်မခံသည့် အခြေအနေတွင် စစ်ကောင်စီတပ်က ဝင်ရောက်လာ၍ ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KNU တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ဒူးပလာယာခရိုင်က ဖော်ပြခဲ့သည်။
တိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိသော် လည်း KNU တပ်ဖွဲ့ဝင်များဘက်က ထိခိုက်မှုမရှိကြောင်း ၊ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့၍ ဒေသခံလူထု၏ နေအိမ်များကျည်ထိမှန် ပျက်စီးခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement
ပြီးခဲ့သည့် ဩဂုတ်မှစ၍ KNU တပ်မဟာ(၆)နယ်မြေသို့ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ် ပွားမှုများရှိခဲ့သည်။


















































