Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနယ်ရှိ အင်းစရွာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးရာ ရွာလုံးကျွတ်နီးပါးပြာကျ

ယနေ့ (ဧပြီ ၂၁ ရက်) နံနက် ၉နာရီခန့်က စစ်ကိုင်းမြို့နယ်၊ အင်းစကျေးရွာသို့ ရောက်ရှိလာပြီး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်မီးမှုကြောင့် ရွာလုံးကျွတ်ပြာကျပြီးနောက်တွေ့ရသော အင်းစရွာ။ ဓာတ်ပုံ - PAFD)
(အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်မီးမှုကြောင့် ရွာလုံးကျွတ်ပြာကျပြီးနောက်တွေ့ရသော အင်းစရွာ။ ဓာတ်ပုံ - PAFD)

▪️အဆိုပါ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းမြို့နယ်ရှိ အင်းစကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေစဥ် သွားရောက်တိုက်ခိုက်ရာ စစ်သား သုံးဦးသေဆုံးကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဧပြီ ၂၁ ရက်) နံနက် ၉နာရီခန့်က စစ်ကိုင်းမြို့နယ်၊ အင်းစကျေးရွာသို့ ရောက်ရှိလာပြီး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ဖျက်ဆီးနေစဉ် PAFDတပ်ဖွဲ့နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက လက်လုပ်လက်နက်ငယ်များ၊ (၆၀) မမလက်လုပ်များနှင့်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က သုံးဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိကြောင်း PAFD ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်မီးမှုကြောင့် ရွာလုံးကျွတ်ပြာကျပြီးနောက်တွေ့ရသော အင်းစရွာ။ ဓာတ်ပုံ - PAFD)
(အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်မီးမှုကြောင့် ရွာလုံးကျွတ်ပြာကျပြီးနောက်တွေ့ရသော အင်းစရွာ။ ဓာတ်ပုံ – PAFD)

“၁၉ ရက်နေ့ကစပြီး မြင်းမူမြို့နယ်ထဲ အကုန်စစ်ကြောင်းထိုးပြီး မူးမြစ်ကို ဖြတ်တယ်။ ဒီနေ့မနက်မှာ အင်းစရွာကိုဝင်ပြီး ဝင်ဝင်ချင်းမီးတိုက်တယ်။ လူအင်အားတစ်ရာကျော်ပါတယ်။ အဲဒီအချိန်မှာထိပ်တိုက်တွေ့ပစ်ခတ်ခဲ့တာပါ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ထောင်စု ၃၀၀ ကျော်၏ နေအိမ်တစ်ထောင်ခန့် ပျက်စီးနိုင်ကြောင်း၊ စစ်ဘေးမီးဘေးသင့်ပြည်သူများနှင့် ခုခံတိုက်ခိုက်လျက်ရှိသောကာကွယ်ရေးတပ်ဖွဲ့များ အရေးပေါ်အကူအညီလိုအပ်နေကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

“မိနစ်ပိုင်းလေးပဲ ပြာကျသွားတာ။”ဟု စစ်ကိုင်းအခြေစိုက် စစ်​ဘေးလူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

(အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်မီးမှုကြောင့် ရွာလုံးကျွတ်ပြာကျပြီးနောက်တွေ့ရသော အင်းစရွာ။ ဓာတ်ပုံ - PAFD)
(အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်မီးမှုကြောင့် ရွာလုံးကျွတ်ပြာကျပြီးနောက်တွေ့ရသော အင်းစရွာ။ ဓာတ်ပုံ – PAFD)

အဆိုပါ တိုက်ခိုက်မှုကို People’s Army To Fight Dictatorship(PAFD)၊တပ်ခွဲ DK PDF-MMU၊ ဒေသကာကွယ်ရေးတပ်ဖွဲ့၊Phonex(SGG)စသည့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက် နှင့် ၂ ရက်များကလည်း စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာတွင် စစ်ကောင်စီ၏ တပ်မ(၉၉)က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးနှင့် ဒေသခံ ၁၆ ဦးကို ကိုယ်လက်အင်္ဂါများ ဖြတ်တောက်ကာ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook