Connect with us

Hi, what are you looking for?

News

PDF များအား အမှုန့်ကြိတ်မည်ဟု ကြုံးဝါးထား​သော မြင်းမူးမြို့မရဲစခန်းမှူး ​သေနတ်ဖြင့်ပစ်သတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမြို့မှ မြို့မရဲစခန်းမှူးအားယနေ့(စက်တင်ဘာ၂၂ရက်)ညနေ ၆နာရီခန့်တွင် သေနတ်လေးချက် ပစ်ခတ်၍သုတ်သင်လိုက်သည်ဟု သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

PDFများအား အမှုန့်ကြိတ်မည်ဟု ကြုံးဝါးထားသော မြင်းမူမြို့မရဲစခန်းမှူးအား ယ​နေ့ည​နေတွင် သေနတ်ဖြင့် ပတ်ခတ်သုတ်သင်လိုက်သည်ဟု မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမြို့မှ မြို့မရဲစခန်းမှူးအားယနေ့(စက်တင်ဘာ၂၂ရက်)ညနေ ၆နာရီခန့်တွင် သေနတ်လေးချက် ပစ်ခတ်၍သုတ်သင်လိုက်သည်ဟု သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

“မြင်းမူလျှပ်စီးပြောက်ကျား အဖွဲ့က PDFတွေနဲ့ မဟာမိတ်ဖွဲ့ထားတာ။ စခန်းမှုးကို သုတ်သင်လိုက်တာ အမှန်ပါ” ဟု PDF လူငယ်တစ်ဦးကပြောသည်။

မြင်းမူမြို့မရဲစခန်းမှူးအား သုတ်သင်ပြီးနောက် ဒေသတွင်းမှ စစ်ကောင်စီသတင်းပေးများကို ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

Facebook