Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် စစ်ကောင်စီတပ်က သုံးရက်အတွင်း ကျေးရွာခြောက်ရွာ မီးရှို့ဖျက်ဆီး

ယမန်နေ့ (ဧပြီ၂၃ ရက်) နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ မူးသာရွာကို စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၄၉လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မူးသာရွာအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့
မူးသာရွာအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က သုံးရက်အတွင်း ကျေးရွာ ခြောက်ရွာ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဧပြီ၂၁ ရက်က အင်းစကျေးရွာရှိ နေအိမ် ၅၀၀ ကျော်နှင့် တောင်ကြားရွာက နေအိမ် ၁၀လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သည့် စစ်ကောင်စီတပ်သည် ယမန်နေ့ (ဧပြီ ၂၃ ရက်)တွင် အင်းစရွာအနီးရွာများဖြစ်သော မူးသာရွာ၊ ရွာသစ်ရွာ၊ ရွာထောင်ရွာ၊ တောင်မြို့ရွာ စသည့် ကျေးရွာလေးရွာကိုဆက်တိုက်မီးရှို့နေကြောင်း လင်းယုန်နက် Sgg အဖွဲ့က ပြောသည်။

ယမန်နေ့ (ဧပြီ၂၃ ရက်) နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ မူးသာရွာကို စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၄၉လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ စစ်ကြောင်းတွင် ဖမ်းဆီးခံထားရသည့်ပြည်သူအချို့ကိုလည်း လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း ဒေသခံအချို့က ဆိုသည်။

Public Service Announcement

Public Service Announcement

“ပြည်သူ့ကာကွယ်ရေးအဖွဲ့များပူးပေါင်းပြီး နံနက်ပိုင်းမှ ညနေ ၃ နာရီအချိန်ထိ မီးငြိမ်းသတ်ပေးခဲ့တယ်လို့သိရပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

မူးသာရွာအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့
မူးသာရွာအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့

ရွာသစ်ရွာ၊ ရွာထောင်ရွာ၊ တောင်မြို့ရွာများလည်း မီးရှို့ဖျက်ဆီးခံရပြီး ဆုံးရှုံးမှုအခြေအနေ မသိရသေးဟု ဒေသခံတို့က ပြောသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းချိန်မှ၂၀၂၃ ဖေဖော်ဝါရီ ၂၈ ရက်အထိကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ကာ နေအိမ်ပေါင်း ၄၇,၇၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း ရှားကွဲရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ရေဂမိုးရွာက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အများအပြားမီးလောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။