Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားများ ကိုယ်မကျွမ်းကျင်သည့်နယ်မြေ၌ အမိန့်အရအသေခံခြင်းထက် ပြည်သူ့ရင်ခွင်ခိုလှုံကြရန် CNF မေတ္တာရပ်ခံ

“ကိုယ်မကျွမ်းကျင်တဲ့နေယ်မြေ အမိန့်ပေးတိုင်း တက်ပြီး တိုက်ပွဲတွေလာလုပ်ပြီး ထိခိုက်ပျက်စီး သေဆုံးတာထက်စာရင် အချိန်ရှိခိုက် ပြည်သူရင်ခွင်လာရောက်ခိုလှုံပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

(မေလ ၂ရက်က ဟားခါး-ဂန့်ဂေါ်အကြားတိုက်ပွဲတွင် သိမ်းဆည်းရမိသော စစ်ကောင်စီ တပ်မ (၇၇)၏ လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)
(မေလ ၂ရက်က ဟားခါး-ဂန့်ဂေါ်အကြားတိုက်ပွဲတွင် သိမ်းဆည်းရမိသော စစ်ကောင်စီ တပ်မ (၇၇)၏ လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)

ချင်းပြည်နယ်အတွင်း တိုက်ပွဲများ၌ အာဏာသိမ်းစစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်ဒဏ်ရာရမှု များပြားလျက်ရှိနေပြီး ယင်းသို့ ထိခိုက်သေဆုံးနေမှုများအပေါ် လူသားချင်းစာနာသော်လည်း စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက်ဆက်လက်တိုက်ပွဲဝင်ကြရမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက ပြောသည်။

မတ်လ နှင့် ဧပြီအတွင်း ကလေး -ဖလမ်း – ဟားခါး လမ်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားသကဲ့သို့ ဧပြီနှင့် မေလ အတွင်း၌လည်း ဂန့်ဂေါ- ဟားခါးလမ်းတိုက်ပွဲ၌ စစ်ကောင်စီ တပ်မ (၇၇)လက်အောက်ခံ စစ်ကြောင်းများ အထိနာလျက်သေဆုံးထိခိုက်များနေသည်ဟု ဆလိုင်းထက်နီက ပြောသည်။ ကလေး-ဖလမ်း-ဟားခါးလမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ သံချပ်ကာယာဉ် ၂စီး အပါအဝင် ယာဉ်အစီး ၃၀ခန့်ပါ ယာဉ်တန်းတစ်ခုလုံးကိုချင်းတပ်ဖွဲ့က တိုက်ခိုက်ဖျက်ဆီးခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးမှု၊ ဒဏ်ရာရမှုများပြားခဲ့သည်ဟုဆိုသည်။

“ကိုယ်မကျွမ်းကျင်တဲ့နေယ်မြေ အမိန့်ပေးတိုင်း တက်ပြီး တိုက်ပွဲတွေလာလုပ်ပြီး ထိခိုက်ပျက်စီး သေဆုံးတာထက်စာရင် အချိန်ရှိခိုက် ပြည်သူရင်ခွင်လာရောက်ခိုလှုံပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ဟားခါးဆေးရုံတွင် စစ်ကောင်စီတပ်မှ ခြေပြတ်၊ လက်ပြတ်၊ မျက်စိကွယ် စသည့် ဒဏ်ရာများရရှိထားသည့် စစ်ကောင်စီတပ်သားများ ရောက်ရှိနေကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်သားများအနေဖြင့် ၎င်းတို့ ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆဲဆိုနေကြသည်ကို ကြားရကြောင်း၊ စစ်ကောင်စီတပ်သားများအနေဖြင့် စစ်ခေါင်းဆောင်များ အကျိုးအတွက် ခိုင်းတိုင်းမလုပ်ဘဲ ပြည်သူ့ရင်ခွင် ခုံလုံခြင်းကသာ ပို၍ကောင်းမွန်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မြေပြင်တိုက်ပွဲများ၌ အထိနာနေ၍ လေကြောင်းတိုက်ခိုက်မှုများ ပို၍ လုပ်လာနိုင်ကြောင်း၊ အရပ်သားများကို ပို၍ ပစ်မှတ်ထားတိုက်ခိုက်လာနိုင်ကြောင်းလည်း ဆလိုင်းထက်နီက သုံးသပ်သည်။

စစ်ကောင်စီတပ်သည် မတ်လကုန်နှင့် ဧပြီအတွင်း ချင်းပြည်နယ် ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်၊ ဟားခါး မြို့နယ်များရှိ ပြည်သူလူထုနေထိုင်ရာနေရာများကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သား ၂၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပြီး နေအိမ်အဆောက်အဦးများစွာ ထိခိုက်ပျက်စီးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။