Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက မင်းကင်းတွင်လေကြောင်းမှ ဗုံးကြဲ၊ကလေးနှစ်ဦးအပါအဝင်ပြည်သူ ၆ ဦးသေဆုံးပြီး၊၁၁ဦး ဒဏ်ရာရ

ပိက္ခယားရွာကို မေလ ၄ ရက်မွန်းလွဲ(၁)နာရီခန့်တွင်တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်​ကြောင်းမင်းကင်းမြို့ခံတစ်ဦးကပြောသည်။

(စစ်​ကောင်စီက​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြု​နေသာ YAK-130 တိုက်​လေယာဥ်နှစ်စီး။ ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီက​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြု​နေသာ YAK-130 တိုက်​လေယာဥ်နှစ်စီး။ ဓါတ်ပုံ-စစ်​ကောင်စီ)

မင်းကင်းမြို့နယ်၊ ပိက္ခယားရွာကိုစစ်ကောင်စီတပ်ကယမန်နေ့ ညနေပိုင်းကလေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးနှစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးပြီး၊ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

ပိက္ခယားရွာကို မေလ ၄ ရက်မွန်းလွဲ(၁)နာရီခန့်တွင်တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်​ကြောင်းမင်းကင်းမြို့ခံတစ်ဦးကပြောသည်။

“အရပ်သားတွေချည်းသေဆုံးတာပါ။ကလေးက ၄ နှစ်နဲ့ ၇နှစ်ရွယ်နှစ်ဦးပါတယ်။ ကျန်တာကလူကြီးတွေပါ”ဟုအဆိုပါ မင်းကင်းမြို့ခံကပြောသည်။

လေကြောင်းသတိပေးချက်ရရှိ၍ပုန်းအောင်းနေ‌ကြစဥ်ကြောက်လန့်ပြီးထွက်ပြေးသူအချို့သည် စစ်​ကောင်စီ တိုက်လေယာဉ်က ကျဲချသောပေါင် ၅၀၀ ဗုံးပေါက်ကွဲမှု​ကြောင့် သေဆုံး၊ဒဏ်ရာရရှိခဲ့ခြင်း​ဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အများစုကပုန်းနေတာပါ။အခုကကျတော့ပေါင် ၅၀၀ ဗုံးဆိုတော့ မလွတ်လောက်ဘူးဆိုပြီး လန့်ပြီး ထွက်ပြေးကြရင်း ထိကုန်တာ။ မြေပြင်တိုက်ပွဲမရှိခဲ့ဘဲ ပစ်တာပါ”ဟု မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကပြောသည်။

စစ်​ကောင်စီတပ်ကျဲချ​သောဗုံးအမျိုးအစားကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

ယနေ့(မေလ ၅ရက်)တွင် မြေပြင်အခြေအနေငြိမ်သက်နေပြီး စစ်ကောင်စီစစ်ကြောင်းလှုပ်ရှားမှုလည်းမရှိကြောင်း ဒေသခံများကပြောသည်။ ဒဏ်ရာရသူ ၁၁ဦးသည် ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။

ယခု​နောက်ပိုင်းစစ်ကောင်စီတပ်သည် ​မြေပြင်တိုက်ပွဲများတွင်အထိနာလာသဖြင့် အရပ်သားပစ်မှတ်များကို ဦး တည်ပြီး လေကြောင်းတိုက်ခိုက်မှုများအဆက်မပြတ်ပြုလုပ်နေသည်။ဧပြီ ၁၁ရက်က ကန့်ဘလူမြို့နယ်၊ပဇီကြီး ရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၇၀ခန့်သေဆုံးခဲ့သည်။ထို့နောက်ပိုင်းတွင် ရှမ်းပြည်နယ် ဖယ်ခုံနှင့် ချင်းပြည်နယ် ဟားခါးမြို့၊မင်းတပ်မြို့၊ ထန်တလန်မြို့၊ စစ်‌ကိုင်းတိုင်း ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့၊ ကရင်ပြည်နယ် မြဝတီမြို့တို့တွင်လည်းစစွတပ်က လေကြောင်းမှ တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့သည်။

မြန်မာစစ်တပ်သည် အပြစ်မဲ့ပြည်သူများအား လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်နေခြင်းအတွက် နိုင်ငံတကာ၏အရေးယူမှုကို မခံရသရွေ့ စစ်တပ်မှ ပြည်သူများအပေါ် သတ်ဖြတ်နေခြင်းကို ရပ်တန့်နိုင်မည်မဟုတ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားထားသည်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီ၏ ရေရှည်ငြိမ်းချမ်းရေး တည်ဆောက်ရေး ခေါင်းစဉ်အောက်မှ ငြိမ်းချမ်းရေးရေရှည်တည်တံ့ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို မေလ ၃ ရက်တွင် ပြုလုပ်ခဲ့ရာ ယင်းဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကုလလုံခြုံရေးကောင်စီထံမှမြန်မာပြည်သူများဘာကိုမျှော်လင့်နိုင်မည်လဲဟုလည်းသံအမတ်ကြီးကမေးခွန်းထုတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

Facebook