Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးအတွက် နောက်ကွယ်မှာ သိုသိုသိပ်သိပ် ဆွေးနွေးမှုတွေ ရှိနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးပြော

အာဆီယံဟာ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းတွေ ပြေလည်စေရေးအတွက် ဘုံသဘောတူညီမှု ၅ ရပ်ကို သတ်မှတ် ကြေညာထားပေမယ့် အာဏာသိမ်း စစ်တပ်က အဲဒီ အချက်တွေကို မျက်ကွယ်ပြုပြီး ပြည်သူလူထုအပေါ် ရက်ရက်စက်စက် အကြမ်းဖက်မှုတွေ ကျူးလွန်နေဆဲ ဖြစ်ပါတယ်။

(အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးမာဆူဒီကို မတ်လကပြုလုပ်ခဲ့​သောသတင်းစာရှင်းလင်းပွဲတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-Pool Photo)
(အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးမာဆူဒီကို မတ်လကပြုလုပ်ခဲ့​သောသတင်းစာရှင်းလင်းပွဲတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-Pool Photo)

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းဖို့အတွက် မြန်မာ့နိုင်ငံရေး နယ်ပယ်က အရေးပါတဲ့ အင်အားစု အသီးသီးနဲ့ နောက်ကွယ်မှာ သိုသိုသိပ်သိပ် ဆွေးနွေးနေခဲ့တာ လပေါင်းအတော်ကြာခဲ့ပြီး ဖြစ်တယ်လို့အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ရတ်နို မာဆူဒီက လက်ရှိ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတဲ့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကနေ အပြောင်းအလဲ တစ်ခုခု ထွက်ပေါ်လာအောင် အာဆီယံ ဥက္ကဋ္ဌ အနေနဲ့ အင်ဒိုနီးရှားက စူးစူးစိုက်စိုက် အားထုတ် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားဟာ မြန်မာ့နိုင်ငံရေးမှာ အဓိက ဆက်နွှယ်ပတ်သက်တဲ့ အင်အားစု အားလုံးကို နောက်ကွယ်မှာ ချိတ်ဆက်ပြီး ညှိနှိုင်းတိုင်ပင်နေတယ်လို့လည်း မာဆူဒီက Reuters သတင်းဌာနနဲ့ အထူးသီးသန့် အင်တာဗျူးမှာ မှတ်ချက်ပေး ဖြေဆိုသွားပါတယ်။

အင်ဒိုနီးရှား ကိုယ်စားလှယ်တွေဟာ မြန်မာ့ နိုင်ငံရေး အစုအဖွဲ့က ဆက်နွှယ် အကျုံးဝင်သူ အားလုံးနဲ့ စေ့စပ်ညှိနှိုင်းမှုပေါင်း ၆၀ ကျော် လုပ်ဆောင်ပြီး ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အဲဒီ ဆွေးနွေးမှုတွေထဲမှာ အာဏာသိမ်းစစ်တပ်၊ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)တို့ အားလုံး စုံစုံလင်လင် ပါဝင်တယ်လို့လည်း မာဆူဒီက အတည်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပိုင်းမှာ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သူက မှတ်ချက်ပေးတဲ့အခါ အခု ဆွေးနွေးမှုတွေမှာ ပါဝင်သူ အားလုံးနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ရေးဟာ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်လာတယ်လို့လည်း ထည့်သွင်း ပြောဆိုသွားပါတယ်။

နောက်ကွယ်မှာ တိုးတိုးတိတ်တိတ် ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ် ဆိုတာက အင်ဒိုနီးရှားဟာ ဘာမှမလုပ်ဘဲ တာဝန်မဲ့နေတယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ကြောင်း၊ အမှန်တကယ်မှာတော့ ဒီလို ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာ ၄ လလောက် ရှိခဲ့ပြီဖြစ်ပြီး အတော်လေး ခရီးရောက်အောင် အင်ဒိုနီးရှားက စွမ်းဆောင်ထားနိုင်ကြောင်း မာဆူဒီက ဆိုပါတယ်။

အာဆီယံဟာ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းတွေ ပြေလည်စေရေးအတွက် ဘုံသဘောတူညီမှု ၅ ရပ်ကို သတ်မှတ် ကြေညာထားပေမယ့် အာဏာသိမ်း စစ်တပ်က အဲဒီ အချက်တွေကို မျက်ကွယ်ပြုပြီး ပြည်သူလူထုအပေါ် ရက်ရက်စက်စက် အကြမ်းဖက်မှုတွေ ကျူးလွန်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

သတင်း

မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ QUAD ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခု ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ မြေပြိုကျမှု ဖြစ်ပွားပြီး သတ္တုမိုင်းတွင်း အလုပ်သမား ၉ ဦး သေဆုံးခဲ့ပါတယ်။