Connect with us

Hi, what are you looking for?

သတင်း

ချင်းတပ်ဖွဲ့တိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် သံချပ်ကာယာဉ်နှစ်စီးကို စစ်ကောင်စီတပ် ဟားခါးသို့ သယ်ယူ

“ဒုတိုင်းမှူးက အဲဒီမှာ ထိုင်တယ်ဆိုတော့ ဖိအားခံရတာပေါ့။ သူတို့ တင့်ကားတွေအဖျက်ဆီးခံရတာ သမိုင်းမှာ မကျန်အောင် ဖုံးကွယ်ချင်တာဖြစ်တယ်။ ဝါဒဖြန့်ဖို့လုပ်တာဖြစ်တယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

(ချင်းတပ်​၏ တိုက်ခိုက်ဖျက်ဆီးခံရသော စစ်ကောင်စီတပ်​၏ သံချပ်ကာယဉ်အား ဖလမ်း - ဟားခါးလမ်းပိုင်းတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - CNA)
(ချင်းတပ်​၏ တိုက်ခိုက်ဖျက်ဆီးခံရသော စစ်ကောင်စီတပ်​၏ သံချပ်ကာယဉ်အား ဖလမ်း - ဟားခါးလမ်းပိုင်းတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - CNA)

“သူတို့ တင့်ကားတွေအဖျက်ဆီးခံရတာ သမိုင်းမှာ မကျန်အောင်ဖုံးကွယ်ချင်တာဖြစ်တယ်” CNA ပြောရေးဆိုခွင့်ရှိသူ

ချင်းပြည်နယ် ဖလမ်း – ဟားခါးလမ်းပိုင်းတွင် ချင်းအမျိုးသားတပ်မတော်(CNA)အပါအဝင် ချင်းပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် သံချပ်ကာယာဉ် နှစ်စီးကို စစ်ကောင်စီတပ်က ဟားခါးမြို့သို့ သယ်ယူသွားကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

မတ်လ ၇ရက်က စစ်ကိုင်းတိုင်း ကလေးမြို့မှ ထွက်လာသည့် သံချပ်ကာ ယာဉ် ၂စီး အပါအဝင် ယာဉ်အစီး ၃၀ခန့်ပါ စစ်ကောင်စီတပ် ထောက်ပို့ယာဉ်တန်းကို ချင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ တစ်လအကြာ ဧပြီ ဒုတိယပတ်တွင် ဖလမ်း-ဟားခါးလမ်း၌ သံချပ်ကာယာဉ် ၂စီးအပါအဝင်ယာဉ်တန်းပါ ယာဉ် အားလုံး ဖျက်ဆီးတိုက်ခိုက်ခံခဲ့ရသည်။

အဆိုပါ သံချပ်ကာယာဉ် ၂စီးကို မေလ ၇ရက်ညပိုင်းနှင့် မေလ ၈ရက်ညပိုင်းတွင် ၁၂ဘီးကားပေါ် ကရိန်းဖြင့် တင်ပြီးသယ်ဆောင်သွားသည်ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement
Public Service Announcement

“တစ်စီးက ဟိုတစ်နေ့က ညကြီးမှာ သယ်သွားတယ်။ မနေ့ညက တစ်စီးအဲဒီလို သယ်သွားတာပေါ့။သူတို့ အနေနဲ့ သူတို့ အပျက်ကားကြီးသယ်သွားတာ အကြောင်းမဟုတ်ပါဘူး။ အဲဒါကို သူတို့က သတင်းစာရှင်းလင်းပွဲတွေလုပ်ပြီး မပျက်ဘူးလို့ ပြန်လုပ်ချင်တာ”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ သံချပ်ကာယာဉ် ၂စီး မရရအောင်သယ်ယူနိုင်ရေးအတွက် ဟားခါး၌ ထိုင်သည့် ဒုတိုင်းမှူး ဖိအားပေးခံရသည်ဟု ကြားသိရကြောင်း ဆလိုင်းထက်နီက ပြောသည်။

“ဒုတိုင်းမှူးက အဲဒီမှာ ထိုင်တယ်ဆိုတော့ ဖိအားခံရတာပေါ့။ သူတို့ တင့်ကားတွေအဖျက်ဆီးခံရတာ သမိုင်းမှာ မကျန်အောင် ဖုံးကွယ်ချင်တာဖြစ်တယ်။ ဝါဒဖြန့်ဖို့လုပ်တာဖြစ်တယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ သံချပ်ကာ ယာဉ် ၂စီးတိုက်ခိုက်ဖျက်ဆီးခံသည့် နေရာမှာ ဟားခါးမြို့နယ် ချွန်ကျုံးရွာအနီးဖြစ်သည်။ အဆိုပါ သံချပ်ကာယာဉ် ၂စီးတိုက်ခိုက်ခံရသည့် ဧပြီ ဒုတိယ ပတ်မှ ယခု မေလဆန်းအထိ ချွန်ကျုံးရွာအနီး၌ ချင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြားတိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ သံချက်ကာယာဉ်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အဲဒီဖြစ်စဉ်ဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖြစ်တယ်လို့ စစ်လက်နက်ပစ္စည်း လေ့လာအသိပေးလျက်ရှိတဲ့ Tactical Raptor က ဖော်ပြခဲ့ပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။