Connect with us

Hi, what are you looking for?

သတင်း

ချင်းတပ်ဖွဲ့တိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် သံချပ်ကာယာဉ်နှစ်စီးကို စစ်ကောင်စီတပ် ဟားခါးသို့ သယ်ယူ

“ဒုတိုင်းမှူးက အဲဒီမှာ ထိုင်တယ်ဆိုတော့ ဖိအားခံရတာပေါ့။ သူတို့ တင့်ကားတွေအဖျက်ဆီးခံရတာ သမိုင်းမှာ မကျန်အောင် ဖုံးကွယ်ချင်တာဖြစ်တယ်။ ဝါဒဖြန့်ဖို့လုပ်တာဖြစ်တယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

(ချင်းတပ်​၏ တိုက်ခိုက်ဖျက်ဆီးခံရသော စစ်ကောင်စီတပ်​၏ သံချပ်ကာယဉ်အား ဖလမ်း - ဟားခါးလမ်းပိုင်းတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - CNA)
(ချင်းတပ်​၏ တိုက်ခိုက်ဖျက်ဆီးခံရသော စစ်ကောင်စီတပ်​၏ သံချပ်ကာယဉ်အား ဖလမ်း - ဟားခါးလမ်းပိုင်းတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - CNA)

“သူတို့ တင့်ကားတွေအဖျက်ဆီးခံရတာ သမိုင်းမှာ မကျန်အောင်ဖုံးကွယ်ချင်တာဖြစ်တယ်” CNA ပြောရေးဆိုခွင့်ရှိသူ

ချင်းပြည်နယ် ဖလမ်း – ဟားခါးလမ်းပိုင်းတွင် ချင်းအမျိုးသားတပ်မတော်(CNA)အပါအဝင် ချင်းပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် သံချပ်ကာယာဉ် နှစ်စီးကို စစ်ကောင်စီတပ်က ဟားခါးမြို့သို့ သယ်ယူသွားကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

မတ်လ ၇ရက်က စစ်ကိုင်းတိုင်း ကလေးမြို့မှ ထွက်လာသည့် သံချပ်ကာ ယာဉ် ၂စီး အပါအဝင် ယာဉ်အစီး ၃၀ခန့်ပါ စစ်ကောင်စီတပ် ထောက်ပို့ယာဉ်တန်းကို ချင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ တစ်လအကြာ ဧပြီ ဒုတိယပတ်တွင် ဖလမ်း-ဟားခါးလမ်း၌ သံချပ်ကာယာဉ် ၂စီးအပါအဝင်ယာဉ်တန်းပါ ယာဉ် အားလုံး ဖျက်ဆီးတိုက်ခိုက်ခံခဲ့ရသည်။

အဆိုပါ သံချပ်ကာယာဉ် ၂စီးကို မေလ ၇ရက်ညပိုင်းနှင့် မေလ ၈ရက်ညပိုင်းတွင် ၁၂ဘီးကားပေါ် ကရိန်းဖြင့် တင်ပြီးသယ်ဆောင်သွားသည်ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement
Public Service Announcement

“တစ်စီးက ဟိုတစ်နေ့က ညကြီးမှာ သယ်သွားတယ်။ မနေ့ညက တစ်စီးအဲဒီလို သယ်သွားတာပေါ့။သူတို့ အနေနဲ့ သူတို့ အပျက်ကားကြီးသယ်သွားတာ အကြောင်းမဟုတ်ပါဘူး။ အဲဒါကို သူတို့က သတင်းစာရှင်းလင်းပွဲတွေလုပ်ပြီး မပျက်ဘူးလို့ ပြန်လုပ်ချင်တာ”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ သံချပ်ကာယာဉ် ၂စီး မရရအောင်သယ်ယူနိုင်ရေးအတွက် ဟားခါး၌ ထိုင်သည့် ဒုတိုင်းမှူး ဖိအားပေးခံရသည်ဟု ကြားသိရကြောင်း ဆလိုင်းထက်နီက ပြောသည်။

“ဒုတိုင်းမှူးက အဲဒီမှာ ထိုင်တယ်ဆိုတော့ ဖိအားခံရတာပေါ့။ သူတို့ တင့်ကားတွေအဖျက်ဆီးခံရတာ သမိုင်းမှာ မကျန်အောင် ဖုံးကွယ်ချင်တာဖြစ်တယ်။ ဝါဒဖြန့်ဖို့လုပ်တာဖြစ်တယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ သံချပ်ကာ ယာဉ် ၂စီးတိုက်ခိုက်ဖျက်ဆီးခံသည့် နေရာမှာ ဟားခါးမြို့နယ် ချွန်ကျုံးရွာအနီးဖြစ်သည်။ အဆိုပါ သံချပ်ကာယာဉ် ၂စီးတိုက်ခိုက်ခံရသည့် ဧပြီ ဒုတိယ ပတ်မှ ယခု မေလဆန်းအထိ ချွန်ကျုံးရွာအနီး၌ ချင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြားတိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြောက်ပိုင်းထိုးစစ်မှာ အဓိက တာဝန်ယူတဲ့ စစ်တပ်ရဲ့ တပ်မ(၇၇)တပ်ဖွဲ့တွေကို ပြန်လည်ရုတ်သိမ်းကာ ရဲတပ်ရင်းတွေနဲ့ အစားထိုးနေရာချထားတယ်လို့ သတင်းရရှိထားကြောင်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။