Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယအစိုးရကစစ်​ကောင်စီနှင့်ပူး​ပေါင်း၍စစ်တွေဆိပ်ကမ်းစီမံကိန်းကို ဖွင့်လှစ်

မြန်မာနိုင်ငံတွင်စစ်တပ်က အာဏာသိမ်းပြီးနောက် အိန္ဒိယအစိုးရသည် စစ်ကောင်စီနှင့်ထိ​တွေ့ဆက်ဆံကာကူညီနေသည့် နိုင်ငံဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းတွင်လည်း စစ်ကောင်စီအတွက် လက်နက်ကြီးပြောင်းများကို တင်ပို့ပေးခဲ့သည်။

(စစ်​တွေဆိပ်ကမ်းဖွင့်ပွဲကိုပြုလုပ်​နေစဥ်။ ဓါတ်ပုံ-အိန္ဒိယသံရုံး)
(စစ်​တွေဆိပ်ကမ်းဖွင့်ပွဲကိုပြုလုပ်​နေစဥ်။ ဓါတ်ပုံ-အိန္ဒိယသံရုံး)

အိန္ဒိယအစိုးရက စစ်​ကောင်စီနှင့်ပူး​ပေါင်း၍ စစ်တွေဆိပ်ကမ်းစီမံကိန်းကို ယနေ့ဖွင့်လှစ်ကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်ကြေညာသည်။

စစ်တွေဆိပ်ကမ်းသည် ဒေါ်လာသန်း ၅၀၀ခန့်တန်ကြေးရှိ​သော ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း၏ အစိပ်အပိုင်းဖြစ်တစ်ခုဖြစ်သည်ဟုဆိုသည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်များကို စစ်တွေမြို့တဆင့် ကာလကတ္တားဆိပ်ကမ်းကိုဆက်သွယ်ရန်ဖြစ်သည်ဟုထုတ်ပြန်သည်။

ဆိပ်ကမ်းဖွင့်ပွဲကို အိန္ဒိယနိုင်ငံမှ ဆိပ်ကမ်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့်ရေကြောင်း ပို့ဆောင်ရေးဝန်ကြီးနှင့် စစ်ကောင်စီဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့က ပူးတွဲဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

(စစ်​တွေဆိပ်ကမ်းဖွင့်ပွဲကိုပြုလုပ်​နေစဥ်။ ဓါတ်ပုံ-အိန္ဒိယသံရုံး)
(စစ်​တွေဆိပ်ကမ်းဖွင့်ပွဲကိုပြုလုပ်​နေစဥ်။ ဓါတ်ပုံ-အိန္ဒိယသံရုံး)

ထိုဆိပ်ကမ်းသည် ကုန်သွယ်မှု၊ အလုပ်အကိုင်ရရှိမှု၊ခရီးသွားလုပ်ငန်း၊ ကမ်းရိုးတန်းသွား သင်္ဘောပြေးဆွဲတို့ဖြင့် လူနေမှုဘဝကို ပြောင်းလဲစေမည်ဟု အိန္ဒိယသံရုံးက ဆိုသည်။

Public Service Announcement

Public Service Announcement

ဖွင့်ပွဲတွင် အိန္ဒိယနိုင်ငံက စစ်ကောင်စီအတွက် ဘိလပ်မြေအိတ် တန်ချိန် ၁၀၀၀ ပါဝင်ပြီး မြန်မာနိုင်ငံက မတ်ပဲ တန် ၁၀၀၀ကို ပြန်လည်သယ်ဆောင်သွားမည်ဟု အိန္ဒိယသံရုံးကထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

ကုလားတန်ဘက်စုံသုံး သယ်ယာပို့ဆောင်ရေး စီမံကိန်း၏ အစိတ်အပိုင်း တစ်ရပ် အဖြစ် စစ်တွေ ဆိပ်ကမ်းကို ၂၀၁၀ ခုနှစ်မှ စတင် ခဲ့ခြင်းဖြစ်ပြီး Inland Waterways Authority of India (IWAI)က ဆိပ်ကမ်းနှင့် ဆက်စပ် အစိတ်အပိုင်းများတို အကောင်အထည်ဖော်ရေးအတိုင်ပင်ခံအဖြစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်စစ်တပ်က အာဏာသိမ်းပြီးနောက် အိန္ဒိယအစိုးရသည် စစ်ကောင်စီနှင့်ထိ​တွေ့ဆက်ဆံကာကူညီနေသည့် နိုင်ငံဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းတွင်လည်း စစ်ကောင်စီအတွက် လက်နက်ကြီးပြောင်းများကို တင်ပို့ပေးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။