Connect with us

Hi, what are you looking for?

သတင်း

ပေါက်နယ်တွင် မုန်တိုင်းကြောင့်ပျက်စီးသွားသည့် စစ်ရှောင်နေအိမ်များအား PDFရဲဘော်များ ရှင်းလင်းပေး

စစ်ဘေးသင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် မိုခါမုန်တိုင်းကြောင့် နေအိမ်များ၊တိရိစ္ဆာန်များ၊ စားသောက်ကုန်နှင့်အိမ်သုံးပရိဘောဂများ ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး စိုက်ပျိုးသီးနှံဧကပေါင်းများစွာ ရေနစ်မြုပ်ပျက်စီးခဲ့ရသည်။

(စစ်ဘေးရှောင်တဲများအား ပြန်လည်ရှင်းလင်းတည်ဆောက်ရာတွင် ပြည်သူ့ရဲဘော်များ ကူညီပေးနေစဥ်။ ဓာတ်ပုံ-ပြည်သူ့တော်လှန်ရေးတပ်ဦး)
(စစ်ဘေးရှောင်တဲများအား ပြန်လည်ရှင်းလင်းတည်ဆောက်ရာတွင် ပြည်သူ့ရဲဘော်များ ကူညီပေးနေစဥ်။ ဓာတ်ပုံ-ပြည်သူ့တော်လှန်ရေးတပ်ဦး)

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် စစ်ဘေးရှောင်ပြည်သူများ​၏ နေအိမ်များအား ပြန်လည်ရှင်းလင်းတည်ဆောက်ရာတွင် ကူညီပေးခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦးအဖွဲ့က ပြောသည်။

မေလ ၁၄ ရက်က မိုခါမုန်တိုင်းကြောင့် ပေါက်မြို့နယ်ရှိ စစ်ဘေးရှောင်ယာယီတဲများ အများအပြားပြိုလဲပျက်စီးခဲ့ရာ ပြည်သူ့တော်လှန်ရေးတပ်ဦးအဖွဲ့ရဲဘော်များက ဝိုင်းဝန်းရှင်းလင်း‌ပေးခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦးအဖွဲ့က ပြောသည်။

မိုခါမုန်တိုင်းကြောင့် ပေါက်မြို့နယ်တွင် စိုက်ပျိုးသီးနှံများအပါအဝင် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ၊ ကျွဲနွားများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“တစ်ခါမှ ဒီလောက်ရေကြီးတာ တစ်သက်နဲ့တစ်ကိုယ် မမြင်ဖူးဘူး။ တိရိစ္ဆာန်တွေလည်း ရေထဲမျောပါသွားတာတွေ အများကြီးပဲ။”ဟု ပေါက်နယ်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပေါက်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့များက စစ်ကြောင်းထိုး မီးရှို့ဖျက် ဆီးမှုများပြုလုပ်နေ၍ ကျေးရွာအများအပြား မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ဘေးသင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် မိုခါမုန်တိုင်းကြောင့် နေအိမ်များ၊တိရိစ္ဆာန်များ၊ စားသောက်ကုန်နှင့်အိမ်သုံးပရိဘောဂများ ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး စိုက်ပျိုးသီးနှံဧကပေါင်းများစွာ ရေနစ်မြုပ်ပျက်စီးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့