Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူတွေကို နိုင်ငံတကာ အကူအညီတွေ မပို့ဆောင်နိုင်အောင် စစ်ကောင်စီ တားဆီးနေ

ကုလသမဂ္ဂရဲ့ လူသာချင်းစာနာမှုဆိုင်ရာ ရုံးဖြစ်တဲ့ OCHAက ရခိုင်မှာရှိတဲ့ လူ့အဖွဲ့အစည်းတွေဆီ ကျယ်ကျယ်ပြန့်ပြန့် သွားရောက်နိုင်ရေးအတွက် အေဂျင်စီ အများအပြားက စစ်ကောင်စီရဲ့ ခွင့်ပြုချက်ကို စောင့်နေကြရဆဲလို့ အတည်ပြုခဲ့ပါတယ်။

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူတွေကို နိုင်ငံတကာ အကူအညီတွေ မပို့ဆောင်နိုင်အောင် စစ်ကောင်စီ တားဆီးနေ
မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူတွေကို နိုင်ငံတကာ အကူအညီတွေ မပို့ဆောင်နိုင်အောင် စစ်ကောင်စီ တားဆီးနေ

ရခိုင်ပြည်နယ်ထဲမှာ ဆိုင်ကလုန်းမုန်တိုင်း မိုချာကြောင့် အကြီးအကျယ် ထိခိုက် ပျက်စီးသွားတဲ့ ဒေသတချို့ဆီ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပေးပို့နိုင်ခွင့်တွေကို အာဏာသိမ်း စစ်ကောင်စီက ချုပ်ကိုင် ပိတ်ပင်ထားဆဲဖြစ်ပြီး လူသန်းပေါင်းများစွာရဲ့ အသက်တွေ၊ ဘဝတွေကို ပိုမိုဆိုးရွားတဲ့ ဘေးကျပ်နံကျပ် အခြေအနေတွေဆီ တွန်းပို့နေပါတယ်။

မေလ ၁၈ ရက်မှာ ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီတချို့က သူတို့ဟာ မိုချာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်သွားပြီး ၄ ရက် ကြာမြင့်လာတဲ့ထိ ရခိုင်က ဒေသတချို့ဆီ ထောက်ပံ့ရေး အကူအညီတွေ ပို့ဆောင်ဖို့အတွက် စစ်ကောင်စီနဲ့ အကျေအလည် ညှိနှိုင်းနေရဆဲလို့ ပြောပါတယ်။ မြန်မာနိုင်ငံ သမိုင်းမှာ ဖျက်ဆီးအား အပြင်းထန်ဆုံး စာရင်းဝင် ဆိုင်ကလုန်း တခုဖြစ်တဲ့ မိုချာဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရခိုင်ပြည်နယ်ကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်သွားခဲ့တာပါ။

ဆိုင်ကလုန်းကြောင့် သေဆုံးသူ ရာနဲ့ချီ များပြားလာပြီလို့ ယုံကြည်ရပြီး ရခိုင်မှာရှိတဲ့ မြို့ရွာအများအပြားဟာ နေရာထိုင်ခင်း၊ သောက်ရေ၊ ရိက္ခာ လိုအပ်ချက်တွေ ကြီးကြီးမားမား ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေမျိုးမှာ စစ်ကောင်စီက နိုင်ငံတကာ ထောက်ပံ့ရေး လမ်းကြောင်းတွေကို သူတို့ မလိုလားတဲ့ နယ်မြေတွေဆီ မရောက်နိုင်အောင် ချုပ်ကိုင် တားဆီးထားတာ ဖြစ်ပါတယ်။

မုန်တိုင်းဒဏ်သင့် ပြည်သူတွေ လောလောဆယ်မှာ သေရေးရှင်ရေးအဆင့် လိုအပ်နေမယ့် ထောက်ပံ့ရေး ပစ္စည်းတွေကို နှောင့်နှေးအောင် ကြံစည်နေတာဖြစ်ပြီး အရင်ကတည်းက ရခိုင်မှာ စစ်တပ်က အသွားအလာ ကန့်သတ်ခွင့် တားဆီး ပိတ်ပင်မှုတွေ သတ်မှတ်ထားခြင်းကလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပိုမို ခက်ခဲနေစေပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်တပ်ရဲ့ လုပ်ပေါက်တွေက သူတို့ရဲ့ လူသားချင်းစာနာမှု ဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် နှောင့်နှေးမှုတွေချည်း ဖြစ်နေစေတယ် ဆိုတာကို နိုင်ငံတကာ လူသားချင်း စာနာမှု အဖွဲ့အစည်းတွေ အားလုံးက တညီတည်း ထုတ်ပြောထားကြောင်း ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောကြားသွားပါတယ်။

ကုလသမဂ္ဂရဲ့ လူသာချင်းစာနာမှုဆိုင်ရာ ရုံးဖြစ်တဲ့ OCHAက ရခိုင်မှာရှိတဲ့ လူ့အဖွဲ့အစည်းတွေဆီ ကျယ်ကျယ်ပြန့်ပြန့် သွားရောက်နိုင်ရေးအတွက် အေဂျင်စီ အများအပြားက စစ်ကောင်စီရဲ့ ခွင့်ပြုချက်ကို စောင့်နေကြရဆဲလို့ အတည်ပြုခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ အန်ဂျီအို အဖွဲ့အစည်းတွေ အပါအဝင် လက်တွဲဖော် အားလုံးအတွက် အခုလို ဗျူရိုကရေစီ အနှောင်အဖွဲ့တွေရဲ့ဒဏ်ကို သက်ရောက် ခံစားကြရကြောင်း OCHAက ဆိုပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ အနီးတဝိုက် နယ်မြေတွေမှာ မုန်တိုင်း ဖြတ်သန်းတိုက်ခတ်မှု ဒဏ်ကို လူဦးရေ ၅.၄ သန်းလောက် သက်ရောက် ခံစားခဲ့ရတယ်လို့ ယူဆရပြီး အဲဒီထဲက ၃ သန်းကျော်လောက်ဟာ အရေးပေါ် အကူအညီတွေ အပူတပြင်း လိုအပ်နေလိမ့်မယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook