Connect with us

Hi, what are you looking for?

သတင်း

ပကဖများက ပခုက္ကူခြေမြန်တပ်မဌာနချုပ်ကို​ရှော့တိုက်ဒုံး ဖြင့် ပစ်ခတ်တိုက်ခိုက်

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်ကလည်း မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမရာရှိ စစ်ကောင်စီတပ် ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ အမှတ်(၂၁)ကိုဒေသခံကာကွယ်ရေးတပ်များက ​ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

(​ဒေသခံကာကွယ်​ရေးတပ်များက အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်ကို​ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ရန်ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-CJ)
(​ဒေသခံကာကွယ်​ရေးတပ်များက အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်ကို​ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ရန်ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-CJ)

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိစစ်ကောင်စီ၏အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်ကို ယမန့်နေ့(​မေ ၁၉)နေ့လယ်ပိုင်းက တာဝေးပစ်ရှော့တိုက်ဒုံး (၅)လုံးဖြင့် ပခုက္ကူပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့( ပကဖ) များကပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းPokokku Special Guerrilla Force-PSGFက ​ပြောသည်။

ထိုတိုက်ခိုက်မှုတွင် ​ရှော့တိုက်ဒုံး ၅လုံးစလုံးအမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်ဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုကို အသေးစိပ်မသိရသေးကြောင်း အဆိုပါအဖွဲ့များကဆိုသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း PSGFအဖွဲ့က ဆိုသည်။

Public Service Announcement
Public Service Announcement

“ဒီဖြစ်စဉ်ကြောင့် ပခုက္ကူမြို့နဲ့ အနီးတဝိုက်မှ ည ၆နာရီနောက်ပိုင်းအပြင်မထွက်ရ အမိန့် ကို ရန်သူဘက်က ထုတ်ပြန်ထားတာကြောင့် ပြည်သူများဘေးအန္တရာယ်လုံခြုံရေးအတွက် အထူးသတိထားကြပါ”ဟုPSGFကတာဝန်ရှိသူကပြောကြားသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖအဖွဲ့များဖြစ်သည့် ပကဖ တပ်ခွဲံ(၁) ၊ Pakokku Special Guerrilla Force (ပကဖ- PSGF)၊ Pakokku Special Task Force (ပကဖ-PSTF) ၊ King Fighter ၊ PKU North PDF၊ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ Urban Underground Revolution Force (UURF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်ကလည်း မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမရာရှိ စစ်ကောင်စီတပ် ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ အမှတ်(၂၁)ကိုဒေသခံကာကွယ်ရေးတပ်များက ​ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

Facebook